Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဒီမိုကရေစီမိတ်ဆွေများပါတီ (၁၀)ပါတီမှ ပါတီကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

         ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဒီမိုကရေစီမိတ်ဆွေများပါတီ (၁၀)ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပါတီကိုယ်စားလှယ်များအား ယနေ့ မွန်းလွဲ ၂ နာရီတွင် လွှတ်တော် အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

         အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီများမှ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြပြီး လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေး နှင့် စီးပွားရေး ကိစ္စရပ်များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။