Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် ကော်မတီများ၊ ကော်မရှင်များမှ ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေးပွဲ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမြဲတမ်းကော်မတီများမှ ဥက္ကဋ္ဌများ၊ ကော်မရှင်မှ လူကြီးများတွေ့ဆုံ ဆွေးနွေးပွဲကို ဒီကနေ့ ၂၀၁၂ ဇူလှိုင်လ ၃၀ ရက်နေ့ နံနက် ၉း၃၀ အချိန်တွင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်း၍ ပြုလုပ်ပါသည်။

အစီအစဉ်(၁)အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာတွင် လွှတ်တော်များပေါ်ပေါက် သည့်အချိန်မှ သက်ဆိုင်ရာကော်မတီနှင့် ကော်မရှင်တို့ အမြဲတမ်းဆွေးနွေးပွဲ လုပ်ဖြစ်နေကြောင်း၊ ကိုယ်စားလှယ်များအကုန်လုံးရဲ့ပူးပေါင်းပါဝင်မှု၊ ကော်မတီ ကော်မရှင်များ၏ ကြိုးစား အားထုတ်မှုကြောင့် ဒီနေ့ထိ လွှတ်တော်အသက်ဝင်ခြင်းဖြစ်ကြောင်း လိုအပ်တဲ့အကြံပြုချက်တွေနဲ့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သို့သော်လည်း တတိယပုံမှန်အစည်းဝေး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် တွေ့ဆုံဆွေးနွေးပွဲ မလုပ်ဖြစ်တော့ကြောင်း ပြောကြားခဲ့ပါသည်။

အစီအစဉ် (၂)အရ ကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြရာ ဥပဒေကြမ်းကော်မတီမှ ဦးတီခွန်မြတ် စတင်ဆွေးနွေးတင်ပြရာတွင် ဥပဒေကြမ်းကော်မတီ အနေဖြင့် ရောက်လာသည့် ဥပဒေကြမ်းများကို အသေအချာဆွေးနွေးပြီးမှ လုပ်ဆောင်တာဖြစ်သည့်အတွက် အခက်အခဲမရှိကြောင်းတင်ပြခဲ့ပါသည်။

ပြည်သူ့ငွေစာရင်းကော်မတီမှ ဦးသူရိန်ဇော် က ဆွေးနွေးတင်ပြရာ ကော်မတီများအနေဖြင့် ပိုမိုထိရောက်သည့် လုပ်ဆောင်ချက်များလုပ်နိုင်ရန်အတွက် ဘယ်ဝန်ကြီးဌာနကို ဘယ်ကော်မတီက စောင့်ကြည့်လေ့လာရမည် စသည်ဖြင့် ကြိုတင်ပြီးလုပ်ဆောင်နိုင်မည်ဆိုလျှင် ဒီထက်ပိုပြီး အဆင်ပြေမည် ဖြစ်ကြောင်းတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး အစိုးရ၏ အာမခံချက်များ ကတိကဝတ်များ စောင့်ကြည့်ရေးကော်မတီ ဦးဝင်းစိန်မှ တင်ပြရာတွင် ပဉ္စမအကြိမ် ပုံမှန်အစည်းများတွင် လွှတ်တော်တွင်း မေးခွန်းမေးမြန်းခြင်းများတင်မဟုတ်ပဲ စာနှင့်မေး စာနှင့်ဖြေသည့် ပုံစံလုပ်ရန်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့် မည်သည့်လုပ်ငန်းကို ဘယ်လောက်ပြီးတယ် ဘယ်လောက်ကျန်တယ် ဆိုတာကို တိတိကျကျ ပြောနိုင်အောင် စောင့်ကြည့်နေကြောင်း တင်ပြခဲ့ပါသည်။

လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးရင်မှ လွှတ်တော်အခွင့်အရေးများဆိုင်ရာနှင့် လုပ်ငန်းများကို တင်ပြရာတွင် နည်းဥပဒေပိုင်းကို ဖြည့်စွက်စရာရှိတာတွေကို ညှိနှိုင်းထားကြောင့်၊ ကော်မတီများအတွက် ဘတ်ဂျက် အရမ်းအရေးကြီးကြောင်း၊ ကော်မတီလုပ်ငန်းများ နှေးကွေးနေသေးကြောင်း စသည်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာမှလည်း ဝန်ထမ်းအင်အားနည်းနေကြောင်း၊ ကော်မတီများ၏ အခွင့်အရေးများထဲမှ ဥပမာ ဖုန်းသည် Facilities ဖြစ်ပြီး အခွင့်အရေးယူတာမဟုတ်ကြောင်း၊ ဥပဒေများ မြန်မြန်ပြီးဖို့လိုအပ်ကြောင်း ပြောကြားသွားပါသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအနေဖြင့် ပြန်လည်သုံးသပ် နိဂုံးချုပ် အမှာစကားပြောကြားရာ သောကြနေ့ နေ့တစ်ဝက် ဆင်းခိုင်းတယ်ဆိုတာ ကိုယ်စားလှယ်စတ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာအတွက်သော် လည်းကောင်း၊ ကိုယ့်ဒေသရဲ့လိုအပ်ချက်ကို လေ့လာနိုင်ရန်သော်လည်းကောင်း၊ လွှတ်တော်ဆိုင်ရာ ဝန်ထမ်းနည်းတယ် ဆိုပေမယ့် စီမံခန့်ခွင့်ရေးကောင်းဖို့ လိုအပ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စေတနာ၊ ကြိုးစားမှုများ ကြောင့် လွှတ်တော်၏ကိစ္စရပ်များ အလုပ်ပြီးမြောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော် အနေဖြင့် ကော်မတီတစ်ခု ထပ်ဖွဲ့ဖို့ စီစဉ်နေကြောင်း၊ ကျန်ရှိနေသည့် FDI law၊ အမျိုးသားကျောင်းဖြစ်ပေါ်လာရေး ဥပဒေကြမ်း၊ မီဒီယာဥပဒေကြမ်း၊ တိုင်းရင်းသားများ အခွင့်အရေးများ ကာကွယ်ရေး ဥပဒေကြမ်း၊ လယ်ယာဥပဒေကြမ်းများ စသည်တို့ကို ဒီကာလအတွင်း သြဂုတ်လအပြီး လုပ်နိုင်အောင် ဝိုင်းဝန်းကြိုးစားစေချင်ကြောင်း စသည်တို့ကို မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်ပါသည်။