Skip to main content

ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာအား ဦးဝင်းစိန်(ကဝမဲဆန္ဒနယ်) တင်ပြခြင်း

ဒီနေ့ကျွန်တော် ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီရဲ့ အစီရင်ခံစာကို တင်ပြသွားမှာဖြစ်ပါတယ်။ အစီရင်ခံစာမတင်ပြခင် ကိုယ်စားလှယ်အားလုံးကို ကျွန်တော်တို့ စာအုပ် သုံးအုပ်ဝေထားပါတယ်။ ပထမစာအုပ်ကတော့ မျက်နှာဖုံးအစိမ်းနဲ့ပါ။ နောက်ဆက်တွဲ(က)နဲ့ (ဂ)ဖြစ် ပါတယ်။ ဒုတိယစာက မျက်နှာဖုံးအပြာနဲ့ပါ။ နောက်ဆက်တွဲ(ခ)ဖြစ်ပါတယ်။ တတိယစာအုပ်ကတော့ အဖုံးအစိမ်းနဲ့ပါ။ နောက်ဆက်တွဲ (ဃ)ဖြစ်ပါတယ်။ အဲ့ဒီတော့ စာအုပ် ၄ အုပ်ထဲမှာ ပထမပုံမှန်အစည်း အဝေးကနေပြီးတော့ ပဉ္စပုံမှန်အစည်းအဝေးထိ လွှတ်တော်ထဲမှာ မေးခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်းများ၊ လွှတ်တော်ထဲမှာ မေးတာမဟုတ်ဘဲနဲ့ စာဖြင့်မေးတဲ့ ကြယ်ပွင့်မပြမေးခွန်းများ အဲ့ဒီမေးခွန်းတွေနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေထိဆောင်ရွက်ထားချက်များကို အသေးစိတ်တင်ပြ အစီရင်ခံထား တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အဆိုတွေနဲ့ပတ်သက်လို့လည်း ပထမပုံမှန်ကနေပြီးတော့ ပဉ္စမပုံမှန်အထိ အတည်ပြုခဲ့တဲ့အဆိုတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့နောက်ဆုံးအဆင့် ဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် နောက်ပြီးတော့ သမ္မတရုံး၊ အစိုးရအဖွဲ့အပါအဝင် ဖြေကြားချက် နောက်ဆုံးအခြေအနေတွေကို တင်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီစာအုပ် ၃ အုပ်ဖတ်လိုက်လို့ရှိရင် ခင်ဗျားတို့တင်ပြထားတဲ့ သက်ဆိုင်ရာအချက်အလက်တွေ အားလုံးပါဝင်ပါတယ်လို့ ကျွန်တော်ဦးစွာရှင်းပြချင်ပါတယ်။ အခုဆက်ပြီးတော့ ကျွန်တော်အစီခံစာကိုဆက်ပြီတင်ပြသွားမှာဖြစ်ပါတယ်။ အစီရင်ခံစာကိုတင်ပြတဲ့ အခါမှာ ခုနကပြောတဲ့စာအုပ် ပထမဆုံးစာအုပ် နောက်ဆက်တွဲ(က)ဆိုတဲ့ စာအုပ်ထဲမှာ အစီရင်ခံစာ ပါပြီးသားဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တင်ပြသွားမှာကတော့ ဇယားတွေနဲ့ပတ်သက်လို့ရှိရင် ဇယားလိုအပ်တဲ့အပိုင်းကိုပဲ ဖတ်သွားမှာဖြစ်ပါတယ်။ အသေးစိတ်မဖတ်ပါဘူး။ ဘာလို့လဲဆိုတော့ အချိန်ကိုငဲ့ကွက်သောအားဖြင့်-

နိဒါန်း

၁။       ပြည်ထောင်စုတမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၅(က)၊ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၂၄ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ ၇၁ နှင်‌့ ၇၃ တို့အရ ပြည်သူ့ လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီကို ဖွဲ့စည်း ပေးခဲ့ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းသည့် မေးခွန်းများ၊ တင်သွင်းခဲ့သည့် အဆိုများနှင်‌့ပတ်သက်၍ နောက်တစ်ကြိမ်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းရန် ပြဋ္ဌာန်းထားရှိပါတယ်။

၂။       ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင်ပြမေးမြန်းခဲ့သည့် မေးခွန်းများ၊ တင်သွင်းခဲ့သည့်အဆိုများ၊ ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်၊ စတုတ္ထပုံမှန် အစည်းအဝေးများတွင် ကြယ်ပွင်ပြမေးမြန်းခဲ့သည့်မေးခွန်းများနှင့် အဆိုများ၏ မပြီးပြတ်သေးသည့် လုပ်ငန်းနှင့် တတိယပုံမှန်၊ စတုတ္ထပုံမှန်စည်းအဝေးများတွင် ကြယ်ပွင့်မပြမေးမြန်းခဲ့သည့် မေးခွန်း များ၏ မပြီးပြတ်သေးသော လုပ်ငန်းများနှင့် စတုတ္ထပုံမှန်၊ ပဉ္စမပုံမှန်အစည်းအဝေးများတွင် ကြယ်ပွင့်မပြမေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဌာနများမှ ဖြေကြားချက်များကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးသို့ ကော်မတီအနေဖြင့် အစီရင်ခံစာပြုစုတင်ပြရခြင်းဖြစ်ပါတယ်။

ရည်ရွယ်ချက်

၃။       ၁၈-၁၀-၂၀၁၂ ရက်နေ့မှ ၂၃-၁၁-၂၀၁၂ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးမြန်းခဲ့သည့် မေးခွန်းများ၊ တင်သွင်းခဲ့သည့် အဆိုများ ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်၊ စတုတ္ထပုံမှန် အစည်းအဝေးများတွင် ကြယ်ပွင့်ပြမေးမြန်းခဲ့သည့်မေးခွန်းများနှင့် အဆိုများ၏ မပြီးပြတ်သေးသည့် လုပ်ငန်းများနှင့် တတိယပုံမှန်၊ စတုတ္ထပုံမှန်စည်းအဝေးများတွင် ကြယ်ပွင့်မပြမေးမြန်းခဲ့သည့် မေးခွန်းများ၏ မပြီးပြတ်သော လုပ်ငန်းများနှင့် စတုတ္ထပုံမှန်၊ ပဉ္စမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေးမြန်းခဲ့သည့် မေးခွန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ဆောင်ရွက်ချက်များအား ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးသို့ တင်ပြရန်ဖြစ်ပါတယ်။

ကော်မတီ၏လုပ်ဆောင်ချက်

၄။       ကော်မတီအနေနဲ့ ပဉ္စမပုံမှန်အစည်းအဝေးပြီးနောက် အစီရင်ခံစာအား အောက်ပါအတိုင်း အပိုင်း ၄ ပိုင်းပြုစုတင်ပြထားပါတယ်။ အပိုင်း(၁) ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင်မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းများအနက် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ  ဖြေကြားချက်များ။ အပိုင်း(၂) ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်၊ စတုတ္ထပုံမှန် အစည်းအဝေးများတွင် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများနှင့်ပတ်သက်၍ မပြီးပြတ်သေးသည့် လုပ်ငန်းများအား ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ  ဖြေကြားချက်။အပိုင်း(၃) ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်နှင့် စတုတ္ထပုံမှန်အစည်း အဝေးများတွင် ကြယ်ပွင့်မပြမေးခွန်းများအနက် ကတိဖြစ်ခဲ့သောမေးခွန်းများနှင့် ပတ်သက်၍ မပြီးပြတ်သေးသော လုပ်ငန်းများကို ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ  ဖြေကြားချက်များ။ အပိုင်း(၄) ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်နှင့် ပဉ္စမပုံမှန်အစည်း အဝေးများတွင် ကြယ်ပွင့်မပြမေးခွန်းများအနက် ကတိဖြစ်ခဲ့သော မေးခွန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ  ဖြေကြားချက်များ။

၅။       အပိုင်း(၁) ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းများအနက် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ  ဖြေကြားချက်များ (က)၁၈-၁၀-၂၀၁၂ ရက်နေ့မှ၂၃-၁၁-၂၀၁၂ ရက်နေ့အထိ ကြယ်ပွင်‌့ပြမေးခွန်း ၈၆ ခု အနက် ၂၈ ခုမှာ အောက်ပါအတိုင်း ကတိဖြစ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန  ၄ ခု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၁ ခု၊ ပြန်ကြားရေးဝန်ကြီးဌာန ၁ ခု၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၄ ခု၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၄ ခု၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၁ ခု၊ ဆယ်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ၂ ခု၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၁ ခု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ၁ ခု၊ အားကစားဝန်ကြီးဌာန ၂ ခု၊ ပညာရေး ဝန်ကြီးဌာန ၂ ခု၊ ကျန်းမာရေးဝန်ကြီးဌာန ၄ ခု အားလုံးစုစုပေါင်း ၂၈ ခုဖြစ်ပါတယ်။ ပဉ္စမပုံမှန် အစည်းအဝေးတွင်အဆို ၂၂ ခုတင်သွင်းခဲ့ပြီး ၇ ခုအတည်ဖြစ်ခဲ့ပြီး လွှတ်တော်မှ စောင့်ကြည့်ရန် ၆ ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ၎င်းတို့ကို ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ အောက်ပါတိုင်း ဖြေကြားခဲ့ပါတယ်။ သမ္မတရုံး ၁ ခု၊ ကာကွယ်ရေးဝန်ကြီးဌာန ၁ ခု၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ၁ ခု၊ ပညာရေးဝန်ကြီးဌာန ၃ ခု၊ ကျန်းမာရေးဝန်ကြီးဌာန ၁ ခု၊ စုစုပေါင်း ၇ ခု ဖြစ်ပါတယ်။ ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်၊ စတုတ္ထပုံမှန် အစည်းအဝေးများတွင် ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၆၇၁ ခုရှိတဲ့အနက် ၃၂၄ ခု ကတိဖြစ်ခဲ့ပါတယ်။ ၎င်းတို့အနက် ၂၀-၁၂-၂၀၁၂ ရက်နေ့အထိ ပြီးပြတ်သောလုပ်ငန်း ၁၇၁ ခုရှိပြီး မပြီးပြတ်ဘဲနဲ့ ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်း ၁၅၃ ခုကျန်ရှိပါတယ်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန ၁ ခု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၇ ခု၊ ပြန်ကြားရေးဝန်ကြီးဌာန ၂ ခု၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ၂၃ ခု၊ စက်မှုဝန်ကြီးဌာန ၂ ခု၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၅ ခု၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ၅၈ ခု၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၂ ခု၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ၂ ခု၊ ပို့ဆောင်ရေးဝန်ကြီးဌာန ၇ ခု၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ၈ ခု၊ စွမ်းအင်ဝန်ကြီးဌာန ၁ ခု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန ၁ ခု၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၁၃ ခု၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ၁ ခု၊ အားကစားဝန်ကြီးဌာန ၁ ခု၊ ပညာရေးဝန်ကြီးဌာန ၇ ခု၊ ကျန်းမာရေး ဝန်ကြီးဌာန ၁၂ ခု၊ စုစုပေါင်း ၁၅၃ ခုဖြစ်ပါတယ်။ ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်၊ စတုတ္ထပုံမှန် အစည်းအဝေးများတွင် တင်သွင်းခဲ့သော အဆိုပေါင်း ၁၁၈ ခုရှိတဲ့အနက် ၅၃ ခု အတည်ပြုခဲ့ပါတယ်။ ၎င်းတို့အနက် ၂၀-၁၂-၂၀၁၂ ရက်နေ့အထိ ပြီးပြတ်သောလုပ်ငန်း ၂၀ ခုရှိပြီး မပြီးပြတ်သေးသည့် ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်း ၃၃ ခုကျန်ရှိပါတယ်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။  ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၅ ခု၊ ပြည်ထဲရေးဝန်ကြီးဌာန ၃ ခု၊ ပြန်ကြားရေးဝန်ကြီးဌာန ၁ ခု၊ ယဉ်ကျေးမှုဝန်ကြီးဌာန ၁ ခု၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၁ ခု၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ၇ ခု၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ၁ ခု၊ ပို့ဆောင်ရေးဝန်ကြီးဌာန ၁ ခု၊ စွမ်းအင်ဝန်ကြီးဌာန ၁ ခု၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ၂ ခု၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂ ခု၊ အားကစားဝန်ကြီးဌာန ၁ ခု၊ ကျန်းမာရေးဝန်ကြီးဌာန ၃ ခု၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ၃ ခု၊ စုစုပေါင်း ၃၃ ခုဖြစ်ပါတယ်။ အပိုင်း(၃) ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်နှင့် စတုတ္ထပုံမှန်အစည်းအဝေးများတွင် ကြယ်ပွင့်မပြမေးခွန်းများအနက် ကတိဖြစ်ခဲ့သော မေးခွန်းများနှင့် ပတ်သက်၍ မပြီးပြတ်သေးသော လုပ်ငန်းများကို ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ  ဖြေကြားချက်များ၊ ၉၁ ခု ရှိပါ သည်။ ၎င်း ၉၁ ခုကို နောက်ဆက်တွဲ (ဂ) အဖြစ် တင်ပြထားပါတယ်။ ခုနက စာအုပ်ထဲမှာပါပြီးသား ဖြစ်ပါတယ်။

          အပိုင်း(၄) ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်နှင့် ပဉ္စမပုံမှန်အစည်းအဝေးများတွင် ကြယ်ပွင့်မပြမေးခွန်းများအနက် ကတိဖြစ်ခဲ့သော မေးခွန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ  ဖြေကြားချက် အားလုံး မေးခွန်းပေါင်းက ၅၁၆ ခုကနေ ၂၇၀ ခု ရှိပါတယ်။ အဲဒီ ၂၇၀ ရဲ့ ဇယားနဲ့တင်ပြထားပြီးဖြစ်ပါတယ်။ ဖြေကြားချက် အသေးစိတ်ကိုတော့ နောက်ဆက်တွဲ (ဃ) ဖြင့် တင်ပြထားပါတယ်။

ကော်မတီ၏ဆောင်ရွက်ချက်

          ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် စတုတ္ထပုံမှန်အစည်းအဝေးမှ မေးမြန်းခဲ့သည့် မေးခွန်းများ၊ တင်သွင်းခဲ့သည့် အဆိုများအတွက် ပုံမှန်အစီရင်ခံစာ၊ ပထမပုံမှန်မှ တတိယပုံမှန်တို့တွင် ကြယ်ပွင့်မပြမေးမြန်းခဲ့သည့် လုပ်ငန်းများအစီရင်ခံစာကို အပိုင်း ၃ ပိုင်းဖြင့် ပြုစုတင်ပြခဲ့ပြီးဖြစ်ပါတယ်။

          ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးမြန်းခဲ့သည့် မေးခွန်းများ၊ တင်သွင်းခဲ့သည့် အဆိုများ၊ ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်၊ စတုတ္ထပုံမှန် အစည်းအဝေးများတွင် ကြယ်ပွင့်ပြမေးမြန်းခဲ့သည့်မေးခွန်းများ၏ မပြီးပြတ်သေးသော လုပ်ငန်းများနှင့် စတုတ္ထပုံမှန်၊ ပဉ္စမပုံမှန်အစည်းအဝေးကာလတွင် ကြယ်ပွင့်မပြ မေးခွန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ဖြေကြားချက်များကို အပိုင်း ၄ ပိုင်းဖြင့်တင်ပြထားပါတယ်။

၁၁။     စတုတ္ထပုံမှန်အစည်းတွင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးမှ ကြယ်ပွင့်မပြမေးခွန်းများကို ကော်မတီအနေဖြင့် အစီရင်ခံတင်ပြရန်ဆွေးနွေးခဲ့ကြပါတယ်။ ကော်မတီအနေဖြင့် တတိယပုံမှန် အစည်းအဝေးမှစ၍ ပဉ္စမပုံမှန်အစည်းအဝေးကာလအထိ ကြယ်ပွင့်မပြမေးခွန်းပေါင်း ၈၁၅ ခု မေးမြန်းခဲ့ပြီး ၃၈၉ ခု ကတိဖြစ်ခဲ့ပါသည်။ ၎င်းတို့မှာ တတိယပုံမှန်၊ စတုတ္ထပုံမှန်အစည်းအဝေးတို့တွင် ကတိဖြစ်ခဲ့သော မေးခွန်းပေါင်း ၁၁၉ ခုအနက် ၂၈ ခုပြီးပြတ်၍ ၉၁ ခုကျန်ပါတယ်။ စတုတ္ထပုံမှန်၊ ပဉ္စမပုံမှန်အစည်းအဝေးများတွင် မေးခွန်း ၅၁၆ ခု မေးမြန်းခဲ့ပြီး ၂၇၀ ခုကတိဖြစ်ခဲ့ပါတယ်။ ၎င်းတို့ကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများ၏ ဖြေကြားချက်များနောက်ဆုံး          အ‌ခြေအနေကို ပြုစုတင်ပြထားပါတယ်။

၁၂။     ပထမပုံမှန်၊ ဒုတိယပုံမှန်၊ တတိယပုံမှန်၊ စတုတ္ထပုံမှန်အစည်းအဝေးများတွင် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများအနက် မပြီးပြတ်သေးသည့် လုပ်ငန်းများကို ၇-၁၂-၂၀၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ကော်မတီအနေဖြင့် တင်ပြခဲ့ပြီးဖြစ်ပါတယ်။

၁၃။     ကော်မတီအနေဖြင့် ပထမပုံမှန်အစည်းအဝေးမှ ပဉ္စမပုံမှန်အစည်းအဝေးထိ မေးခွန်းများ၊ ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ၊ အဆိုများဆောင်ရွက်ပြီးစီးမှုအ‌ွခေအနေနှင့်ပတ်သက်၍ ၂၀-၁၂-၂၀၁၂ ရက်နေ့ (I-3) ရေးရာဆောင်မှာ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများမှ ကိုယ်စားလှယ် များကိုခေါ်ယူ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ၂၈-၁၂-၂၀၁၂ ရက်နေ့အရောက် ဖြေကြားချက် များတောင်းခံပြီး အစီရင်ခံစာပြုစုခဲ့ခြင်းဖြစ်ပါတယ်။

ကော်မတီ၏တွေ့ရှိသုံးသပ်ချက်

၁၄။     ကတိဖြစ်ခဲ့သော မေးခွန်းများနှင့် ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့်ဌာနများ၏ ဖြေကြားချက်များကို လေ့လာရာတွင် ဘတ်ဂျက်တောင်းခံ၍ ဘတ်ဂျက်ရရှိပါက ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဖြေကြားချက်မှာ အများဆုံးဖြစ်ပါတယ်။ အတည်ပြုခဲ့သောအဆိုများနှင့် ပတ်သက်၍ ဥပဒေကြမ်းနှင့် ရေးဆွဲရန်ကျန်သည့်လုပ်ငန်းမှာ အများဆုံးဖြစ်ပါသည်။

၁၅။     လုပ်ငန်းလက်ကျန်များကို ဆန်းစစ်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့တွင် အစီအစဉ်အတိုင်း လုပ်ငန်းလက်ကျန်အများဆုံး ဖြစ်ကြပါတယ်။ ကော်မတီအနေဖြင့် အစည်းအဝေးတစ်ခုနှင့်တစ်ခုအကြား မပြီးပြတ်သေးသော လုပ်ငန်းများနှင့် လုပ်ငန်းသစ်များ တိုးတက်ဆောင်ရွက်မှုများကို အဆက်မပြတ် ညှိနှိုင်းတောင်းခံပြီးဆောင်ရွက် လျက်ရှိပါတယ်။

၁၆။     လွှတ်တော်အစည်းအဝေးများ ဆက်တိုက်ကျင်းပခဲ့ပြီး စီမံကိန်းများဖြင့် ဘတ်ဂျက်ကိစ္စများကို အချိန်ယူဆွေးနွေးမှုများ ပြုလုပ်ရပါသဖြင့် ပဉ္စမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်းများမေးမြန်းခြင်းနှင့် အဆိုများတင်သွင်းခြင်းအရေအတွက် နည်းပါးသည်ကို တွေ့ရပါသည်။ သို့သော် ကြယ်ပွင့်မပြမေးခွန်းများ များပြားလာသည်ကို တွေ့ရှိရပါသည်။ ကော်မတီအနေဖြင့် မပြီး ပြတ်သေးသောလုပ်ငန်းများ ပိုမိုများလာသဖြင့် စနစ်တကျမှတ်တမ်းတင် ပြုစုဆောင်ရွက်လျက်ရှိ ပါကြောင်းတင်ပြအပ်ပါသည်။

နိဂုံး

၁၇။     ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ၃၁-၁-၂၀၁၁ မှစတင်ကျင်းပခဲ့ရာ ၂၃-၁၁-၂၀၁၂ ရက်နေ့အထိ ပဉ္စမပုံမှန်အစည်းအဝေးကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ အစည်းအဝေး ၅ ကြိမ်ကျင်းပ ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့ဆန္ဒအမှန်တကယ်လိုအပ်ချက်များကို မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များမှ မေးခွန်း များမေးမြန်းရာတွင် မိမိတို့မဲဆန္ဒနယ်မြေအလိုက် အမှန်တကယ်လိုအပ်ချက်များ၊ တစ်နိုင်ငံလုံးနှင့် ပတ်သက်သည့်လိုအပ်ချက်များကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးရန်တင်ပြခဲ့ကြသည်များဖြစ် ပါတယ်။ ကိုယ်စားလှယ်များရဲ့ တင်ပြချက်များသည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်များ ဖြစ်ပါတယ်။ အဆိုပါတင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတဦးစီးသည့် အစိုးရအဖွဲ့ကို နောက်ဆုံးအခြေအနေအထိ သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပြီးစီးမှုများကို တောင်းခံပြီး ပြုစု တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ လွှတ်တော်များသည် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တရားစီရင်ရေးဆိုင်ရာဆောင်ရွက်ချက်များကို မေးခွန်းများမေးမြန်းခြင်းနှင့် အဆိုများတင်သွင်း ခြင်းတို့ဖြင့် အချင်းချင်းအပြန်အလှန်ညှိနှိုင်းပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ (သြဘာသံများ)