Skip to main content

လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသော အဆိုများ၊ မေးခွန်းများ၊ အစီရင်ခံစာများနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သဘောထားသုံးသပ်ချက်

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။  ဦးဖေသန်းရဲ့ ဆွေးနွေးမှု၊ အကြံပေးမှုဟာ ပွင့်လင်းမြင်သာပြီး တာဝန်ခံတာဝန်ယူစေလိုတဲ့ စေတနာပါလို့ တာဝန်ရှိတဲ့သူများ လည်း ပွင့်လင်းမြင်သာအောင်ဆောင်ရွက်ပြီး တာဝန်ခံနိုင်ဖို့ တင်ပြသွားတဲ့အတွက် ချီးကျူးပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ ထိုနည်းတူစွာပဲ မိမိလွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လွှတ်တော်နှင့် ဆိုင်တဲ့ကိစ္စများကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ပြီး တာဝန်ခံတာဝန်ယူတယ်ဆိုတာလည်း လွှတ်တော် ကို တင်ပြလိုပါတယ်။ ဒီနေရာမှာ ဒီနေ့မနက် ၉း၁၅ မိနစ်က မေးခွန်း၊ အဆိုကိစ္စနှင့် ပတ်သက်ပြီးတော့ မိမိလွှတ်တော်ဥက္ကဋ္ဌထံကို အကြောင်းကြားမှု၊ သတင်းပေးမှုပေါ်မှာမူတည်ပြီးတော့ မေးခွန်းတွေ မေးခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ အဆိုတွေတင်သွင်းခဲ့တဲ့ပုဂ္ဂိုလ်တွေကို ခေါ်ယူပြီးတော့ ဆွေးနွေးရှင်းပြခဲ့တာကို လည်း လွှတ်တော်အနေနဲ့ သိအောင် ဒီမှာတင်ပြချင်ပါတယ်။ ကျွန်တော်တို့ ဆဋ္ဌမပုံမှန်အစည်းအဝေး မှာ နိုင်ငံနှင့်ပြည်သူများအတွက် အင်မတန်မှ အရေးကြီးတဲ့ စီမံကိန်း၊ ဘတ်ဂျက် သို့မဟုတ် ရ/သုံးနှင့် အခွန်ဥပဒေများကို ပြဋ္ဌာန်းအတည်ပြုပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာလည်း ခုန ဦးဖေသန်း ဆွေးနွေး သလိုပဲ ဒီဥပဒေများဟာ ကျွန်တော်တို့အတွက် အင်မတန်မှအရေးကြီးတဲ့ ဥပဒေများဖြစ်တဲ့အတွက် ဒီဥပဒေတွေပြဋ္ဌာန်းတဲ့နေရာမှာ မှန်မှန်ကန်ကန်စနစ်တကျ ပြဋ္ဌာန်းပြီးနိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဖြစ်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ လွှတ်တော်အစည်းအဝေးတွေကို ခါတိုင်း ပုံမှန်အစည်းအဝေးတွေမှာ တစ်နေ့လုံးဆောင်ရွက်ပြီး ဒီတစ်ပတ်မှာတော့ နေ့တစ်ဝက် အစည်းအဝေး လုပ်မယ်၊ ကျန်တစ်ဝက်ကိုတော့ ကော်မတီများအလိုက် အစည်းအဝေးတွေ ညှိနှိုင်းမှုတွေလုပ်ဖို့ ဆုံးဖြတ်ပြီးဒီအတိုင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် လွှတ်တော်ပုံမှန်အစည်းအဝေးဟာ လွှတ်တော် ရတဲ့အချိန်ကာလရဲ့ တစ်ဝက်ပဲရပါတယ်။ ပြီးရင် ဒီတစ်ပတ်မှာ မဖြစ်မနေပြဋ္ဌာန်းပေးရမယ့် ဥပဒေ ပြဋ္ဌာန်းပေးဖို့ တာဝန်တွေလည်း ကျွန်တော်တို့ လွှတ်တော်ထဲမှာရှိပါတယ်။ ဥပမာအားဖြင့် သမ္မတကြီး မေတ္တာရပ်ခံထားတဲ့ ထားဝယ်စက်မှုဇုန်ကိစ္စမျိုး၊ ဘဏ်ဥပဒေကိစ္စမျိုးအပါအဝင် အရေးတကြီးပြဋ္ဌာန်း ရမယ့် အရေးတကြီးဆိုတဲ့နေရာမှာ လွှတ်တော်ကာလမှာ ပြဋ္ဌာန်းပေးရမယ့် ၆ ခု ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လွှတ်တော်တွေမှာ ဥပဒေပြဋ္ဌာန်းဖို့ အကြွေးတင်နေတာက အကြွေးတင်တယ်ဆိုတာ ဟိုဘက်ဒီဘက်ဆောင်ရွက်ပြီးမှ ပြီးမယ်ကိစ္စတွေက ၉၀ ရှိပါတယ်။ ဒါကြောင့် ဒီဥပဒေ တွေပြဋ္ဌာန်း နိုင်ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့ အချိန်ပေးရမယ်၊ အချိန်ပေးရမှာဖြစ်တဲ့အတွက် ဒီတစ်ပတ် ဆဋ္ဌမပုံမှန် အစည်းအဝေးမှာ ဆောင်ရွက်မယ်ဆိုရင် လွှတ်တော်မှာဆောင်ရွက်နေတဲ့ မေးခွန်း၊ အဆိုအပိုင်းကို ထိုက်သင့်တဲ့ အချိန်ပေးမှာသာ ခုနက အရေးကြီးတဲ့ဥပဒေတွေ ပြဋ္ဌာန်းနိုင်မှာဖြစ်ပါတယ်။ တစ်ဘက် ကလည်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခွင့်အရေးမဆုံးရှုံးစေချင်ပါဘူး။ ဒါကြောင့်လည်း ပြည်သူ့လွှတ်တော်ကို ရောက်ရှိလာတဲ့မေးခွန်းများကို မိမိလွှတ်တော်ဥက္ကဋ္ဌတာဝန်ယူ တာဝန်ခံ ဆောင်ရွက်မှာနဲ့အညီ မေးခွန်းမှန်သမျှကိုမစိစစ်ဘဲတော့ ပြည်ထောင်စုအစိုးရ သက်ဆိုင်တဲ့ အဖွဲ့အစည်းများသိအောင် အကုန်လုံးမေးခွန်းမှန်သမျှကို ပေးပို့ခဲ့ပါတယ်။ ကြယ်ပွင့်ပြရော၊ ကြယ်ပွင့် မပြရော၊ အဆိုနှင့်ပတ်သက်လို့တော့ စဉ်းစားဆောင်ရွက်ရတာဖြစ်ပါတယ်။ မေးခွန်းတွေ၊ အဆိုတွေ နောက် Agenda အစီအစဉ်တွေ ဆောင်ရွက်တဲ့နေရာမှာလည်း ပိုမိုပြီးစနစ်ကျပြီးတော့ ပိုမိုပြီးတော့ ကောင်းအောင်ဆောင်ရွက်နိုင်ဖို့ လွှတ်တော်ဒုတိယဥက္ကဋ္ဌရယ်၊ ဥပဒေနှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌရယ်၊ လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်ရယ် တာဝန်ပေးပြီးတော့ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ အဆိုနှင့်ပတ်သက်ပြီးတော့ ကျွန်တော့်ဘက်ကထားရှိတဲ့သဘောထား အခြေအနေလေးကို တင်ပြချင်ပါတယ်။ အဆိုတစ်ရပ်ဟာ ဒီအဆိုအောင်မြင်သွားပြီဆိုလို့ရှိရင် တချို့ဥပဒေဖြစ်သွားပါတယ်။ တချို့မူဝါဒဖြစ်သွားပါတယ်။ တိတိ ကျကျဆောင်ရွက်ဖို့ဆိုရင် ဥပဒေအထိဆောင်ရွက်ရတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ အဆိုတင်တဲ့ အခါမှာ ကျွန်တော့်ဘက်က စဉ်းစားထားတဲ့ စေတနာနဲ့ ရည်ရွယ်ချက်က ဒီအဆိုတင်လိုက်တဲ့အပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အပေါ် အထင်သေးခြင်းမခံရစေလိုဘူး။ ဒုတိယအချက်က ကျွန်တော်တို့ လွှတ်တော်အပေါ် အထင်သေး၊ အမြင်သေးမဖြစ်စေချင်ဘူး။ တတိယ အချက်က ကျွန်တော်တို့ လွှတ်တော်မှာ ဒီနေ့ခံယူဆောင်ရွက်နေတဲ့ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့မူအစွဲမထားဘဲနှင့် အများအတွက်၊ တိုင်းပြည်အတွက်၊ ပြည်ထောင်စုအတွက် အကျိုးရှိတဲ့ အဆိုမျိုးဖြစ်စေချင်ပါတယ်။ နောက်တစ်ခုကျတဲ့အခါကျတော့ ကျွန်တော်တို့ ပြောပြောနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပျက်စေချင်ဘူး ပိုကောင်းစေချင်တယ်။ ဒီအပြင်ဘာဖြစ်သေးလဲ။ အရေးကြီးတဲ့ကိစ္စတစ်ခုက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း ဖြစ်စေချင်တယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ အဓိကလိုနေတာက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတစ်ခုတည်းတင် မဟုတ်ဘဲ အမျိုးသားပြန်လည်စည်းလုံးရေးဟာ မိမိတို့နိုင်ငံမှာ တကယ်ကို လိုအပ်နေတာဖြစ်ပါတယ်။ နောက်တစ်ခုက အဆိုတင်လိုက်လို့ ဒီအဆိုအောင်မြင်သွားတယ်ဆိုရင် သက်ဆိုင်ရာတာဝန်ရှိတဲ့ အစိုးရနှင့်အဖွဲ့အစည်းတွေက ဒီအဆိုပေါ်မူတည်ပြီးတော့ လိုက်ပါဆောင်ရွက်ရတာ၊ အဲ့ဒီလို လိုက်ပါ ဆောင်ရွက်ရတဲ့နေရာမှာ အစိုးရအတွက် အခက်အခဲဖြစ်စေသော၊ အကျပ်အတည်းဖြစ်စေသောကိစ္စ များမဖြစ်စေလိုဘူး။ ဘာကြောင့်လဲ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေးပြောနေတဲ့အချိန်မှာပဲ ကျွန်တော်တို့လွှတ်တော်နဲ့ အစိုးရနဲ့ မလိုလားအပ်သော အထင်အမြင် လွှဲမှားမှု မဖြစ်စေချင်ဘူး။ အစိုးရကို အကျပ်ကိုင်ခြင်း၊ ချောင်ပိတ်စေခြင်းစတဲ့ ဒီလိုအဆိုမျိုးတွေလည်း မဖြစ်စေချင်ဘူး။ မလုပ်ပေးနိုင်တဲ့ကိစ္စများကိုလည်း ကျွန်တော်တို့အားနဲ့၊  လွှတ်တော်အားနဲ့ အတင်း အဆိုကို အတည်ပြုတာမျိုးလည်း မဖြစ်စေချင်ဘူး။ ဒါကြောင့် အဆိုနှင့်ပတ်သက်တဲ့အခါမှာ ဒီအဆိုကို အဆိုအဖြစ်ဆက်လက်ပေးပို့ပြီးတော့ ဖြေကြားစေဖို့၊ လွှတ်တော်မှာဆွေးနွေးစေဖို့၊ တိုက်တွန်းစေဖို့ကိစ္စ ကျတော့ အလေးအနက်ထားစဉ်းစားပါတယ်။ စဉ်းစားတဲ့နေရာမှာ ကျွန်တော် စဉ်းစားပြီးတဲ့အခါမှာ ခုနကဖွဲ့ပေးထားတဲ့ အဖွဲ့တွေဖွဲ့ပြီးတဲ့အခါမှာ သက်ဆိုင်ရာအဆိုတင်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များခေါ်ယူတွေ့ဆုံပါ။ တွေ့ဆုံပြီးလို့ရှိရင် ဒီအဆိုအစား မေးခွန်းမေးလို့မရဘူးလား။ မေးခွန်းမေးလိုရရင် မေးခွန်းအဖြစ်မေးပါဆိုပြီးတော့ ဆွေးနွေးညှိနှိုင်းခိုင်းပါတယ်။ အမိန့်ပေးပြီးတော့ ဒီအဆိုမတင်ရ ဒီလိုမရှိပါဘူး။ ဒါက အဆိုနှင့်ပတ်သက်ပြီးတော့ အဲ့တော့ ဒီအဆိုနှင့်ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ စတုတ္ထအကြိမ်တုန်းက အခုလိုပဲညှိနှိုင်းပြီးတဲ့အခါမှာ အဆို ၆ ခုက သက်ဆိုင်ရာတာဝန်ရှိတဲ့ သူများနဲ့ ခေါ်ယူတွေ့ဆုံတဲ့အခါ မေးခွန်းအဖြစ် ၅ ခုပြောင်းပါတယ်။ တစ်ခုကျန်ပါတယ်။ ပဉ္စမအကြိမ် မှာ အားလုံးပေါင်းအဆို ၁၁ ခုက ၁၀ ခုအဖြစ် မေးခွန်းပြောင်းသွားပါတယ်။ တစ်ခုကျန်ပါတယ်။ ဆဋ္ဌမ အကြိမ်မှာတော့ အဆို ၅ ခုပဲတင်ထားတာရှိပါ။ ဒါအဆိုနှင့်ပတ်သက်လို့ရှင်းလင်းတင်ပြတာ ဖြစ်ပါ တယ်။ နောက် မေးခွှန်းနှင့်ပတ်သက်လို့ ကျွန်တော်တို့ ပြန်ကြားပါတယ်။ ကြယ်ပွင့်ပြမေးခွန်းတွေကို အခုလိုစာနှင့်ရေးသားပြောဆိုပေးတဲ့အတွက် စိတ်ထဲမှာကျေနပ်မှုမရှိဘူးဆိုတဲ့ သတင်းလည်း ပြန်ကြား ပါတယ်။ အခုလည်း ဦးဖေသန်းပြောတဲ့နေရာမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဦးဖေသန်းဆွေးနွေး တာတွေ အားလုံးမှန်ပါတယ်။ မေးခွန်းတစ်ခုကို လွှတ်တော်မှာမေးခွန်းရလို့ မေးလိုက်တဲ့အခါမှာ ဒီမေးခွန်းအပေါ်မူတည်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ်ရင် ပြည်ထောင်စုအဖွဲ့ဝင်တွေက ဖြေကြားရပါတယ်။ အဲ့ဒီလိုဖြေကြားလိုက်တဲ့အခါမှာ ဘာအခွင့်အရေးတွေရသလဲဆိုရင် မဲဆန္ဒရှင် ပြည်သူတွေက ငါတို့လွှတ်တော်ကိုယ်စားလှယ်တော့ ငါတို့အတွက်လွှတ်တော်မှာ ဒီလိုမေးခွန်းတွေ မေးတယ်ဆိုတာကို အသံနှင့်သော်လည်းကောင်း၊ ရုပ်နှင့်အသံရောကြားရတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်ပေါ်မှာ ယုံကြည်မှုအားကိုးမှုပိုတဲ့ အခွင့်အရေးတစ်ခုရတယ်။ ဒါတင်လားမဟုတ်ပါဘူး သက်ဆိုင်ရာအဖွဲ့အစည်းကနေ ပြန်လည်ဖြေတဲ့အခါမှာ မရှင်းလို့ပြန်မေးတယ်ဆိုရင် မေးနိုင်တဲ့ အခွင့်အရေးလေးပိုရပါတယ်။ စာဖြင့်မေးတယ်၊ စာဖြင့်ဖြေတယ်ဆိုတာကတော့ ခုနအခွင့်အရေးတွေ မရပါဘူး။ ဒါလည်း မိမိနားလည်လက်ခံပါတယ်။ မေးခွန်းမေးတယ်ဆိုတဲ့နေရာမှာလည်း လွှတ်တော် ဥက္ကဋ္ဌကိုပဲ မေးရတာ၊ လွှတ်တော်ဥက္ကဋ္ဌမှ ဒါနှင့်ဆက်ပြီးတော့ သက်ဆိုင်ရာကို ပေးပို့ရတာဖြစ်ပါတယ်။ အဲ့ဒီတော့ ပြီးခဲ့တဲ့အပတ်ဆိုတာပဉ္စမအကြိမ်မှာ ကျွန်တော်တို့ဆီကို မေးခွန်းပေါင်း ၈၁၉ စောင်ရောက် ပါတယ်။ အဲ့ဒီ ၈၁၉ စောင်က ဒီမေးခွန်းအပေါ်မှာ ကြယ်ပွင့်ပြွဖေဆိုပြီးတာ၊ ဖြေဆိုနိုင်တာ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ၈၅ ခုပဲ ရှိပါတယ်။  ဖြေဆိုဖို့ကျန်တာ ၅၁၄ ခုကျန်ပါတယ်။ အဲ့ဒီကမှ တစ်ခါသက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပြန်ပြီးတော့ ညှိနှိုင်းတဲ့အခါမှာ လောလောဆယ် သူတို့ ဖြေနိုင်ပြီ ဆိုတဲ့ မေးခွန်းဟာ ၁၆၇ ခုရှိပါတယ်။ ပြန်ပြီးတော့ ဖြေဖို့အသင့်ဖြစ်ပြီလိုပြောဖို့ကျန်တာ ၉၀ ကျန်ပါ တယ်။ ဒါသည် ပြီးခဲ့တဲ့ ပဉ္စမအကြိမ် လွှတ်တော်အစည်းအဝေးရဲ့ ကြွေးကျန်မေးခွန်းများ ဖြစ်ပါတယ်။ တစ်ခါ စာဖြင့်ဖြေမေးခွန်းအားလုံးပေါင်း ၂၅၇ ခုရှိပါတယ်။ ဒီအပေါ်မူတည်ပြီးတော့ လာမည့်ဆဋ္ဌမ အကြိမ် အစည်းအဝေးမှာ ဒီမေးခွန်းတွေ၊ ဒီအဆိုတွေဆက်ပြီးတော့ တင်မယ်ဆိုရင် ကျွန်တော်တို့ ရရှိတဲ့ အချိန်၊ တချို့မေးခွန်းကျတော့ ပြီးခဲ့တဲ့ကာလက မေးမြန်းထားတာ တချို့ကိစ္စတွေကပြီးပြီ ဒီမှာပြန်တင် မယ်ဆိုလို့ရှိရင် အချိန်အနေနဲ့ လုံလောက်၊ မလုံလောက်စဉ်းစားလိုရပါတယ်။ စဉ်းစားပြီးတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခွင့်အရေးမဆုံးရှုံးနိုင်ဖို့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် များကိုဖြေပါ။ ကြယ်ပွင့်ပြရော၊ ကြယ်ပွင့်မပြရော ဖြေပါ။ ဖြေပြီးလို့ရှိရင် အဲ့ဒီမေးခွန်းရဲ့အဖြေတွေ လွှတ်တော်ကိုပေးပါ။ လွှတ်တော်ကိုပေးတဲ့အခါမှာလည်း လွှတ်တော်ကလည်း ဒီအတိုင်းမထားဘဲနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို ဖြတ်ပါတယ်။ ပြီးတဲ့ အခါမှာ ဒီကော်မတီကနေ သက်ဆိုင်ရာကိုယ်စားလှယ်တွေကိုပေးပါဆိုပြီးတော့ လွှတ်တော် အခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခွင့်အရေးမဆုံးရှုံးအောင်လည်း အချိန်ကိုလုံလောက် စွာ တောင်းဖို့၊ သုံးနိုင်ဖို့ ဒီလိုဖြစ်ပါတယ်။ လွှတ်တော်အချိန်နှင့်ပတ်သက်ပြီးတော့ အင်မတန်တန်ဖိုးရှိတဲ့ အချိန်တွေကို ကျွန်တော်တို့က မှန်မှန်ကန်ကန်အသုံးချခြင်းပဲ ဖြစ်ပါတယ်။ ဒါနှင့်ပတ်သက်လို့ တစ်ချိန် တုန်းကလည်း မေးဖူးပါတယ်။ လွှတ်တော်က အချိန်ဒီလောက်ကြာကြာကြီးလုပ်နေတာ ဒါကြောင့်မို့လို့ ၆ လလောက်လုပ်လို့ မရဘူးလားစသဖြင့် မေးခွန်းတွေ၊ အဆိုတွေလည်းရှိပါတယ်။ ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်တဲ့အခါမှာ မိမိတို့ဒီနေ့ တွေ့ကြုံနေရတဲ့အခြေအနေဟာ လုံးထွေးပြီးတော့ အလုပ်တွေ ဘယ်လောက်အထိလုပ်နေတယ်။ ဒါတကယ်လုပ်တဲ့လူတွေ၊ လွှတ်တော် လုပ်ငန်းနှင့်ပတ်သက်လို့ တကယ်စေတနာပါပြီးတော့ လုပ်တဲ့သူတွေသိပါတယ်။ ဘယ်လောက်ထိ ပင်ပန်းတယ်။ အစည်းအဝေးခန်းမတင်မဟုတ်ဘူး အစည်းအဝေးခန်းမအပြင်ရောက်တဲ့အခါမှာ လေ့လာဖတ်ရှုရတာ၊ ဆွေးနွေးရတာ အဆောင်ရောက်သွားတဲ့အခါမှာ ဖတ်ရတာ၊ မှတ်ရတာ၊ မေးခွန်း မေးဖို့၊ အဆိုတင်သွင်းဖို့ ဘယ်လောက်အထိ ပင်ပန်းတယ်ဆိုတာကိုလည်း တကယ်လက်တွေ့မှာ လုပ်တဲ့သူတှေ သိပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေကို လွှတ်တော်ထဲမှာထည့်ပြီးတော့ ပြီးခဲ့တဲ့ ဟာတွေဆက်ပြီးတော့ မေးနေမယ်ဆိုရင် ဒီနေ့အရေးကြီးတဲ့ဟာတွေမေးနိုင်တဲ့ အနေအထားမရှိတဲ့ အတွက် ခုနကဲ့သို့ လွှတ်တော်အခွင့်အရေးများမဆုံးရှုံးအောင် ဒီလိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စနှင့်ပတ်သက်လို့ အခြေအနေကို မြင်သာအောင်ရှင်းလင်းတင်ပြတယ်။ ဒါနှင့်ပတ်သက် လို့ တာဝန်ရှိရင် ကျွန်တော်မှာ တာဝန်ရှိတယ်။ တာဝန်ရှိတာနှင့်အညီ ကျွန်တော် ရှင်းပြတယ်။ ဒါက ဦးဖေသန်းရဲ့တင်ပြချက်ပေါ်မူတည်ပြီးတော့ မနက်က ၉း၁၅ မှာခုနက ဒီလိုပဲ ကျွန်တော်ဆီကို တချို့ လည်းစာနှင့်ရေးပြီးပြောပါတယ်။ ကျွန်တော် မေးခွန်းတွေ ဘယ်လောက်မေးခဲ့တယ်။ ဒါပေမယ့် ဒီမေးခွန်းတွေ ဖြေတာမရှိသေးဘူး။ ကျွန်တော်ကြည့်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမျိုးသားသင့်‌မြတ်ရေးအတွက် ဒီလိုကြည့်ပြီးလုပ်တာပါ။ အလွတ်မဲ့ မဟုတ်ပါဘူး။ ဒါပေမယ့် အခွင့်အရေးမဆုံးရှုံးအောင် အဲ့ဒီစကားတွေကို ကျွန်တော်တို့က ပြောဆိုဆွေးနွေးတယ်ဆိုရင် ထိခိုက် နိုင်စရာတွေရှိတဲ့အတွက် ဒါမျိုးကျတဲ့အခါကျတော့ လွှတ်တော်ထဲမှာ မေးခြင်းမြန်းခြင်း မဟုတ်ဘဲနှင့် စာလေးနဲ့ရေးဖြေလိုက်တယ်ဆိုလို့ရှိရင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရော၊ အမျိုးသားပြန်လည် သင့်‌မြတ်ရေးရော မထိခိုက်ဘူးဆိုတဲ့ စေတနာနဲ့ ရည်ရွယ်ချက်နှင့်ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေ့ လည်း မနက်က အစည်းအဝေးမှာပဲ ခုနက ဦးအောင်ဇင်၊ ပုဇွန်တောင်မဲဆန္ဒနယ်က တင်ပြတဲ့ ကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော်ရှင်းပြပါတယ်။ အဲ့ဒီအဆိုနှင့်ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၁ ထဲမှာပါပြီးပြီ။ (က)ကနေပြီးတော့ အပိုဒ်ခွဲ (ဈ) အထိရှိတယ်။ အဲ့ဒီအထဲမှာ လုပ်နည်းအဆင့် ဆင့်ပါပြီးပြီ။ ပြီးရင် ဒီမေးခွန်း၊ ဒီအဆိုဟာ ကြည့်‌လိုက်မယ်ဆိုလို့ရှိရင် နိုင်ငံတော်သမ္မတအပါအဝင် ကျန်တဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများကို စွပ်စွဲပြစ်တင်ဖို့အတွက် လုပ်နည်းစည်းမျဉ်းစည်းကမ်း ချက်တွေကို ပြည်ထောင်စုလွှတ်တော် တိုက်တွန်းဖို့ဆိုတဲ့နေရာမှာ ဒီခေါင်းစဉ်ကြည့်လိုက်တာနဲ့ ပတ်ဝန်းကျင်အနေနဲ့ မကောင်းဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်အမြင်ပြောရမယ်ဆိုရင် ဒါဟာ မတင်သင့်ပါဘူးလို့ ဒီလိုပြောပါတယ်။ ပြောတဲ့အချိန်မှာ ဦးအောင်ဇင်က ဒုတိယဥက္ကဋ္ဌနဲ့လည်း တွေ့ပြီး ပါပြီ။ ဒီကိစ္စဟာ ကျွန်တော်တို့ပါတီကနေပြီးတော့ တင်ခိုင်းတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော် ဆက်ပြီး တော့တင်ပါရစေလို့ ပြောပါတယ်။ အဲ့ဒီမှာ ကျွန်တော်က ပြောမယ်လုပ်တဲ့အခါမှာ အဲ့ဒီပါတီက ပုဂ္ဂိုလ် တစ်ဦးကပဲ ဒါနှင့်ပတ်သက်လို့ ပါတီဥက္ကဋ္ဌဆီ တယ်လီဖုန်းဆက်ပါမယ်။ ခုပြောတဲ့ဟာ ဒီလိုဖြစ်တဲ့ အတွက် တင်ပြပါမယ်။ တယ်လီဖုန်းနဲ့တင်ပြပါမယ်။ ကျွန်တော်လည်း အဲ့ဒီအချိန်မှာ တစ်ဆက်တည်းပဲ ပြောပါတယ်။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲမထားဘဲနှင့် ဆောင်ရွက် နေတဲ့ကိစ္စရပ်မှာ အဲ့ဒီပါတီက ခုနပြောတဲ့ ကိစ္စအတွက်ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီလိုအကျိုးဆက် တွေဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာတင်ရင် ကျွန်တော်ကန့်ကွက်မယ်။ အဲ့ဒီအတိုင်းပဲ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ကျန်တဲ့ပါတီများလည်း ကျွန်တော်ဘက်က ဆန္ဒရှိတယ်ဆိုရင် သိအောင် ကျွန်တော်ပြောမယ်ဆိုပြီးတော့ ဒီလိုပြောလိုက်ပါတယ်။ အဲ့ဒီတော့ ပါတီစွဲသာထားရမယ် ဆိုရင် ဒီနေ့ လွှတ်တော်မှာ ပါတီကြီးတစ်ခုက ကြီးစိုးထားပါတယ်။ ဘာပါတီဆိုလည်း သိပါတယ်။ ခုနက ကျန်တဲ့ပါတီက တင်ပြလာတဲ့ကိစ္စမှာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးဖြစ်တဲ့ကိစ္စကို ပါတီစွဲထားပြီး တော့ သူ့ပါတီက ဒီလိုကန့်ကွက်လိုက်မယ်ဆိုလို့ရှိရင် ဘယ်လိုမှမတရားဘူး၊ မမျှတဘူး၊ နိုင်ငံ့အကျိုး လည်းမဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့အယူ မထားကြပါနဲ့လို့ ပြောပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီဟာလည်း ကျွန်တော်ရှင်းလင်းတင်ပြဖို့ မူလမရှိပါဘူး။ သို့ရာတွင် မနက်က ၉း၁၅ မှာ ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း ခုနက ဦးဖေသန်းရဲ့ တင်ပြချက်ပေါ် မူတည်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဘယ်လိုစဉ်းစားတယ်၊ ဘယ်လိုဆောင်ရွက် တယ်ဆိုတာသိအောင် လွှတ်တော်သို့ တင်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒီလွှတ်တော်အစည်းအဝေးကြီးမှာ တော့ ဒီလောက်ပဲ တင်ပြတယ်။ မနက်ကတော့ ဒီထက်ပိုပြီးတော့ ရှင်းပြလိုက်တာရှိပါတယ်။ ဒါမတင် ပြရဲလို့မဟုတ်ဘူး။ သို့ရာတွင် ဒီလိုရှင်းအောင်ပြောတဲ့နေရာမှာ ပိုပြီးတော့ ရှုပ်သွားပြီးတဲ့အခါမှာ ပဋိပက္ခအသွင်မရောက်ချင်ဘူး။ ဘယ်လုပ်ငန်းလုပ်လုပ် ကျွန်တော်တို့က တစ်ဘက်နှင့်တစ်ဘက် ညှိညှိနှိုင်းနှိုင်းပူးပေါင်းဆောင်ရွက်မှုက မရှိမဖြစ်လိုအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်ပြီးတော့ တင်ပြ ရမယ်ဆိုရင် ဦးဖေသန်း ဆွေးနွေးပေးတဲ့နေရာမှာ ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီစနစ်နှင့်အညီ တာဝန်ခံခြင်း၊ တာဝန်ယူခြင်းကို ဆောင်ရွက်ဖို့လိုလားတယ်လို့ ဒီလိုပဲ ပြောပါတယ်။ ကျွန်တော်လည်း လိုလားတယ်။ လိုလားတယ်ဆိုရင် လွှတ်တော်ရေးရာကိစ္စနှင့်ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ဒီလို တာဝန်ခံပါတယ်။ တာဝန်ယူပါတယ်။ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာလည်း လွှတ်တော်ကို တင်ပြ ခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လွှတ်တော်ဆိုတာ အရေးကြီးတယ်။ ဘတ်ဂျက် လူတိုင်း နားမလည်ဘူး။ ဒါကြောင့်မို့လို့ ကျွမ်းကျင်တဲ့လူများနဲ့ ဘတ်ဂျက်ကိစ္စကို စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ဖို့ဆိုတဲ့ အကြံပေးချက်ပါပဲ။ မှန်ပါတယ်။ ဒီဘတ်ဂျက် သို့မဟုတ်ရင် စီမံကိန်း ပြီးတဲ့အခါမှာ ဘတ်ဂျက်နဲ့ဆက်စပ်တဲ့ အခွန်ကိစ္စများဟာလည်း နိုင်ငံအတွက် အရေးကြီးပါတယ်။ နိုင်ငံတကာမှာ လည်း ဒီလိုလွှတ်တော် စကားတွေများနေကြတယ်။ အဆုံးအဖြတ်မပေးနိုင်ခင်မှာ ငွေသုံးဖို့ကိစ္စ ရပ်ဆိုင်းထားရတယ်။ သာမန်အသုံးစရိတ်ကလွဲလို့ ဒါလည်းတွေ့နေရတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တို့ စီမံကိန်းဘတ်ဂျက်ကိစ္စနှင့်ပတ်သက်လို့ ကော်မတီဥက္ကဋ္ဌများ အစည်းအဝေး နှစ်ကြိမ်လုပ်ပြီးပါပြီ။ မနေ့က တစ်ကြိမ်လုပ်ပါတယ်။ ဆက်ပြီးလည်း ကျွန်တော်တို့ လုပ်ပါအုန်းမယ်။ အဲ့ဒီတော့ လွှတ်တော် မှာ ဖွဲ့စည်းထားတဲ့ ကော်မတီ ၄ ခုရှိပါတယ်။ ကော်မတီ ၁၉ ခုရှိပြီးတဲ့အခါမှာ ကော်မရှင် ၁ ခုရှိပါတယ်။ ကော်မတီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေက ဖွဲ့ခိုင်းတဲ့ပုံစံအတိုင်းပဲ စတမ်းတင်း ကော်မတီ ၄ ခုဖွဲ့ပါတယ်။ ကျန်တဲ့ ၁၉ ခုကတော့ တကယ်လိုအပ်လို ကော်မတီတွေ ဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကော်မတီ ၁၉ ခုနှင့် ပတ်သက်လို့ ပြန်ကြည်မယ်ဆို ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁)မှာပါတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများက ကျင့်သုံးနေတဲ့ ဥပဒေ များပေါ်အခြေခံပြီးတော့ ဒီကော်မတီတွေ ဖွဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီကော်မတီများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနအပါအဝင် ပြည်ထောင်စုအဖွဲ့အစည်းများက ကျင့်သုံးဆောင်ရွက်နေတဲ့ ဥပဒေများကို လေ့လာသုံးသပ်ပြီးတော့ ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ အသစ်ပြဋ္ဌာန်းဖို့အတွက်လည်း တစ်ခု ရှိပါတယ်။ အဲဒါအပြင် ကျွန်တော်တို့ အချင်းချင်းအပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆောင်ရွက်နေမှုကို အဲ့ဒီကော်မတီအလိုက်ပြန်ပြီးတော့ အင်္ဂလိပ်လိုပြောရင် Check and Balance လုပ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မနေ့ကနဲ့ ဟိုဘက်ကအစည်းအဝေးတွေမှာ သက်ဆိုင်ရာကော်မတီများဟာ သူ့ကော်မတီဆိုင်တဲ့ အုပ်ချုပ်ရေးအဖွဲ့၊ အစိုးရအဖွဲ့၊ ဝန်ကြီးဌာနပြီးတဲ့ အခါမှာ အခြားဌာနများကို တင်လာတဲ့စီမံကိန်းတွေ တင်လာတဲ့ဘတ်ဂျက်တွေကို သေချာစစ်ဆေးပြီးတဲ့ အခါမှာ ဆောင်ရွက်သင့်တာတွေ ဆောင်ရွက်ပေးဖို့ ဒီထက်ပိုပြီးဆောင်ရွက်ပေးမယ်ဆိုရင် ဒီထက်ပေးပြီးတော့ ဆောင်ရွက်ခွင့်ပေးဖို့၊ တိုက်တွန်းဖို့၊ မလိုတဲ့ကိစ္စတွေကို ဆိုင်းတဲ့နေရာမှာလည်း ဒီလိုကြီးသာမန်ဆိုင်းတာမဟုတ်ဘဲနှင့် ဒါကိုလေ့လာပြီးတော့ ဒီကာလလေးမှာတော့ ခဏဆိုင်းပါဆိုတဲ့ အနေအထားလေးဖြစ်အောင် မနေ့က အစည်းအဝေးမှာ အကျယ်တဝင့်ဆွေးနွေးပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကော်မတီများသည် လွှတ်တော်ထဲက လွှတ်တော်အမြင်များဖြစ်တယ်။ မိမိတို့နဲ့ သက်ဆိုင်တဲ့ဥပဒေများ၊ ဌာနဆိုင်ရာများနဲ့ အချင်းချင်း အပြန်အလှန်ညှိနှိုင်းထိန်းကျောင်းဖို့ကိစ္စ ကော်မတီများရဲ့ တာဝန်များဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကော်မတီအလိုက် သက်ဆိုင်ရာကို စူးစူး စိုက်စိုက်လေ့လာတဲ့အခါမှာ ပိုပြီးတော့လည်း ထိရောက်အောင် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီ နေရာတွေမှာ ပါဝင်တဲ့ ကော်မတီအဖွဲ့အဝင်များပါဝင်ပြီးတဲ့အခါမှာ သေသေချာချာ စိတ်ပါဝင်စားစွာနဲ့ ဆောင်ရွက်ဖို့ ဒီထက်အရေးကြီးတဲ့ဒီနှစ်အတွက် ဥပဒေမရှိပါဘူး။ ပြည်သူ့ငွေလည်း ဘယ်သူ့အတွက် သုံးမလဲ ပြည်သူ့အတွက်သုံးမယ်။ ပြည်သူ့အတွက် အကျိုးရှိတာတွေ သုံးမယ်။ အဲ့ဒီအတွက် လွှတ်တော်ကိုယ်စားလှယ်တိုင်းမှာ တာဝန်ရှိပါတယ်။ ဒါငါတို့နဲ့မဆိုင်ဘူး။ ကျွမ်းကျင်တဲ့လူပဲ လုပ်လိမ့် မယ် မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ ဆိုင်ပါတယ်။ ခုန ဦးဖေသန်းပြောသလိုပဲ ကတိကဝတ်ပေးသွားတယ်။ ပေးသွားပြီးအခါမှာအခုမပါဘူးဆိုလို့ရှိရင် ကိုယ့်ကော်မတီမှာ သို့မဟုတ် ဆိုင်တဲ့ကော်မတီမှာ သွားပြီးတော့ ကျွန်တော်ကို ကတိပေးထားပါတယ်။ ဒါပေမယ့် ဒီထဲမှာ မပါပါဘူး။ ဒါကြောင့်မို့လို့ ဒီဟာ ကို ဆောင်ရွက်ပေးပါ။ ဆောင်ရွက်ပေးနိုင်ဖို့အတွက်လည်း ဘတ်ဂျက်ခွင့်ပြုပေးပါလို့လည်း သက်ဆိုင်ရာကို သွားပြီးတော့ တင်ပြလို့ရတယ်။ အဲ့ဒီလို လုပ်ဖို့ဆိုရင် ကာလက အရေးကြီးပါတယ်။ အရေးကြီးတဲ့အတွက် ဘယ်မှာအားထည့်ရမလဲ။ ဒီကော်မတီအလိုက် အစည်းအဝေးတွေလည်း သက်ဆိုင်ရာ လုပ်ရမယ်၊ အားထည့်‌ရမယ်။ ဒါကြောင့်ခုနက ပြန်ဆက်မယ်ဆိုရင် လွှတ်တော်မှာ မေးခွန်းနဲ့ အဆိုကို ပေးနိုင်တာမဟုတ်ဘဲနဲ့ စီမံကိန်းဘတ်ဂျက်ကိစ္စအတွက် သေချာစဉ်းစား ဝေဖန် သုံးသပ်ပြီးတဲ့အခါမှာ လိုတာဆောင်ရွက်ဖို့အတွက် ဦးစားပေးခြင်းဖြစ်ပါတယ်။ ဒါဘတ်ဂျက်ကိစ္စနှင့် ပတ်သက်လို့ ကော်မတီတွေမှာ တာဝန်ရှိတယ်။ ကော်မတီအလိုက် အကုန်လည်းတာဝန်ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီနေ့လို အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးအစီရင်ခံစာဖတ်ကြားတဲ့အချိန်မှာ ဒီအစီရင်ခံစာပေါ်မူတည်ပြီးတော့ အဓိက ပါဝင်နားထောင် ရမယ့် ဝန်ကြီးဌာနများကိုလည်း နောက်ပိုင်းကျွန်တော်တို့ ဖိတ်ကြားဖို့ လိုပါတယ်။ ဒါကျွန်တော်တို့ ဘက်က လိုအပ်ချက်ပါ။ အဲ့ဒီအခါကျတော့ သူတို့ကတိပေးခဲ့တယ်၊ ဒါပေမယ့်မလုပ်သေးဘူး။ ဒီလိုပေါ် လာမှာ ဖြစ်ပါတယ်။ ဒါအားလုံးလဲ ကြားသွားမယ်။ သို့ရာတွင် အလုပ်လုပ်တာက ဒီအစီရင်ခံစာပေါ် မူတည်ပြီးတော့ ဆွေးနွေးချက်တွေကို အစိုးရအဖွဲ့ကို ပေးပါတယ်။ ဘယ်ဟာတော့ ကတိဖြစ်တယ်၊ ဘယ်ဟာတော့ လုပ်ပြီးသွားပြီ။ ကတိပေးပြီးတော့ ဒါတော့မလုပ်သေးဘူး။ အဲ့ဒီတော့ ကျွန်တော်တို့က မြန်မာစကားမှာရှိပါတယ်။ လူမှာကတိ၊ မင်းမှာသစ္စာ ဒီလိုဟာတွေရှိပါတယ်။ အဲ့ဒီတော့ ကတိလည်း လွယ်လွယ်မပေးသင့်ဘူး။ ပေးပြီးတဲ့ကတိလည်း ဖြစ်မြောက်အောင်လုပ်ရမယ်။ အဲဒါမှာပဲ ကျွန်တော်တို့ ဘာလဲ။ Good Governance ဖြစ်မယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဦးဖေသန်း တချို့ ဆွေးနွေးထောက်ပြတာတွေလည်း သက်ဆိုင်ရာ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များစိစစ်ရေးကော်မတီအနေနဲ့ မှတ်သားပြီးတဲ့အခါမှာ ပို၍ ပို၍ကောင်းအောင်၊ တိကျအောင်၊ ခိုင်မာအောင်ဆောင်ရွက်သွားဖို့လိုကြောင်း လွှတ်တော်ကို တင်ပြအပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါ တယ်။ (သြဘာသံများ)