Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၁-၁-၂၀၁၃ ရက်နေ့မွန်းလွဲ ၁း၀၀ တွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အဦ ဇဗ္မူသီရိခန်းမဆောင် အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကော်မတီများမှဥက္ကဋ္ဌများနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးကော်မတီဥက္ကဋ္ဌများမှ       သက်ဆိုင်ရာကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။