Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကာတာနိုင်ငံသံအမတ်ကြီး H.E Mr. Jabr Ali Hussain AL-Hawashla AL-Dosari အား လက်ခံတွေ့ဆုံ

 နေပြည်တော် - ဇန်နဝါရီ၂၉


 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံအမတ်ကြီး H.E  Mr. Jabr Ali Hussain AL-Hawashla AL-Dosari အား ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ် တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များအားဆွေးနွေးပြီး အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။