Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E.Mrs.Pany YATHORTOU ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ H.E.Mrs.Pany YATHORTOU ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၅-၁-၂၀၁၃ ညနေ ၃ နာရီတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လာရောက် တွေ့ဆုံသည်။

   အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကော်မတီ ဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးလှမြင့်ဦးနှင့် ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Nilahath Sayarath နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

  ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စများ ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။

  ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။