Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဘယ်လ်ဂျီယံနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး၊ ပြည်ပ ကုန်သွယ်ရေးနှင့် ဥရောပရေးရာဝန်ကြီး မစ္စတာ ဒီဒီယာ ရန်ဒါးစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ မတ်လ ၁၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဘယ်လ်ဂျီယံနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး၊ ပြည်ပ ကုန်သွယ်ရေးနှင့် ဥရောပရေး ရာဝန်ကြီး မစ္စတာ ဒီဒီယာ ရန်ဒါးစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။

<--break->

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှမြင့်ဦးနှင့် ဦးတီခွန်မြတ်၊ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးမောင်တိုး၊ ဦးစောလှထွန်းနှင့် ဦးကိုကိုထွန်း၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ရေးရာ လုပ်ငန်းများဆောင်ရွက်နေမှု၊ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်း လဲရေး လုပ်ငန်းများ ဆောင်ရွက်နေမှု မြန်မာ-ဘယ်လ်ဂျီယံ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုမြှင့် တင်ဖော်ဆောင်ရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။(သတင်းစဉ်)