Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး ကုလသမဂ္ဂဖွံ့ဖြို့ရေးအစီအစဉ် (UNDP)မှ အစီအစဉ်ညှိနှိုင်းရေးမှူး Mr.Edin Elgsaether နှင့် ပါလီမန်ရေးရာကျွမ်းကျင်သူ Mr.Gopalan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင်လ ၃ ရက်

ပြည်သူ့လွှတ်တော်၊ နိုင်ငံတာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ကုလသမ္မဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)မှ အစီအစဉ်ညှိနှိုင်းရေးမှူး Mr.Edin Elgsaether နှင့် ပါလီမန်ရေးရာကျွမ်းကျင်သူ Mr.Gopalan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၃ ရက်နေ့ (၁၇: ၁၅) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ အဆောင်အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်မှ ကူညီဆောင်ရွက်နေသော လွှတ်တော်အရည် အသွေးမြှင့်တင်ရေး ဆိုင်ရာ သင်တန်းများပို့ချရေး ဘာသာရပ်များ ညှိနှိုင်းရေးတို့နှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည့်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးကိုကိုထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။