Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ဖင်လန်နိုင်ငံခြားရေး ဝန်ကြီး၏ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ကင်မိုကေးဂျူနန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင်  ၈

<--break->

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ(ကိုယ်စား)၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ဖင်လန်နိုင်ငံခြားရေးဝန်ကြီး၏ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာကင်မိုကေးဂျူနန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇူလိုင် လ ၈ ရက်နေ့( ၁၀း၃၀ )နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ အဆောင်အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် လွှတ်တော်များက ပါဝင်ဆောင်ရွက်ရ သည့် အခန်းကဏ္ဍ၊ လွှတ်တော်များတွင် ဖွဲ့စည်းထားသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော် မတီများနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ များ၏ လုပ်ငန်း တာဝန်ဆောင်ရွက်မှု၊ မြန်မာ - ဖင်လန်နိုင်ငံ လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ငွေစားရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။