Skip to main content

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဂျပန်-မြန်မာ ပါလီမန်အမတ်များချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ အား လက်ခံတွေဆုံ

နေပြည်တော် စက်တင်ဘာ ၅

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား ဂျပန်-မြန်မာ ပါလီမန် အမတ်များ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Ichiro AISAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် (၉း၄၅) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင် ( I- 1 ) ဧည့်ခန်းမ၌  လာရောက်တွေ့ဆုံပါသည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်တွင်း ဂျပန်-မြန်မာ ပါလီမန်အမတ်များချစ်ကြည်ရေး အသင်း ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဂျပန်-မြန်မာလွှတ်တော်နှစ်ရပ်အကြားချစ်ကြည် ရင်းနှီးမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ပြည်သူ့ ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်၊ ကျန်းမာရေးမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်မြင၊့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဦးဌေးဝင်း၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး  ဦးမြင့်သူ၊ ကျန်းမာရေးမြှင့်တင်ရေးကော်မတီအဖွဲ့ဝင် ဦးခမိုင်မုန်ကွမ်(ခ) ဦးခခိုင်တန်နှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးဌေးနိုင်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်စိုးနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများတကေ်ရာက်ကြပြီး ဂျပန်-မြန်မာ ပါလီမန်အမတ်များချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Ichiro AISAWA နှင့်အတူကိုယ်စားလှယ်အဖွဲ့ဝင်(၈)ဦးတို့ တက်ရောက် ကြပါသည်။ (သတင်းစဉ်)