Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သော အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သော The Elders အဖွဲ့သည် (၂၅-၉-၂၀၁၃) ရက်နေ့ (၁၆း၄၅) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးတွင် ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအတွက် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ လွတ်တော်ရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်၊ အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းစိန်၊ လွှတ်တော်အခွင့်အရေး ကော်မတီ အဖွဲ့အဝင် ဦးအောင်ဆန်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံသပ်ရေး ကော်မရှင် အဖွဲ့ဝင်များဖြစ်သော ဦးခင်မောင်ထွန်း၊ ဦးတင်ဝင်း၊ ဦးအောင်မြင့်တို့ တက်ရောက်ကြပြီး the Elders အဖွဲ့မှ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနှင့်အတူ အဖွဲ့ဝင် ၇ ဦးတက်ရောက်ကြပါသည်။ (သတင်းစဉ်)

ဓါတ်ပုံများ