Skip to main content

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှပေးပို့သော ၂၀၁၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဂုဏ်ပြုသဝဏ်လွှာ

ကျွနု်ပ်တို့မြန်မာနိုင်ငံတွင် ဒီမိုကရေစီနိုင်ငံရေးခရီးကို လျှောက်လှမ်းနိုင်ရန် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့ပါသည်။ ဤသို့ဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ယခုနှစ်တွင် တတိယအကြိမ်အဖြစ် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။ ရာစုနှစ်ထက်ဝက်ကျော် ဒီမိုကရေစီပုံသဏ္ဍာန်နှင့် အနှစ်သာရများဆိတ်သုဉ်းခဲ့သော ဤနိုင်ငံတွင် ယခုအခါ ပြည်သူတို့၏ဆန္ဒကို

<--break->

ထင်ဟပ်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားများ ပေါ်ပေါက် လာခြင်းဖြစ်ရာ ပြည်သူလူထု၏ ဒီမိုကရေစီအောင်ပွဲသင်္ကေတ အမှတ်လက္ခဏာတစ်ခု အဖြစ် ကျွနု်ပ်တို့ပါတီမှ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်အပ်ပါသည်။

မြန်မာနိုင်ငံ ပြည်သူလူထုအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း(၅၀)ကျော်အတွင်း မိမိတို့၏ လိုအင်ဆန္ဒများကို  ထုတ်ဖော်ပြသနိုင်သည့် အခွင့်အရေးများ ရရှိခဲ့သည်မဟုတ်ပါ။ ၂၀၁၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ၏ ရလာဒ်တွင် ပြည်သူလူထု၏အသံကို ကိုယ်စားပြုနိုင်မည့် ကိုယ်စားလှယ်များပေါ်ထွက် ပါဝင်လာပြီးနောက်မှ သာ ပြည်သူ့ဆန္ဒကို တဖန် တင်ပြလာနိုင်ခြင်း ဖြစ်ပါသည်။ စစ်မှန်သည့် ပြည်သူ့ကိုယ်စားလှယ်များ တိုးတက်ပေါ်ထွက်လာမှသာ ပြည်သူ့အသံကို ပိုမိုပြည်ဝစွာ မြှင့်တင်ပေးလာနိုင်မည်ဖြစ်ပါသည်။

ဒီမိုကရေစီစနစ်၏ အလေးနက်ဆုံးသော အနှစ်သာရမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်ဟု လက်ခံထားခြင်းဖြစ်ပါသည်။ ပြည်သူလူထုကြီးသည် မိမိတို့၏ နစ်နာချက်များ၊ လိုလားချက်များ၊ ဆန္ဒသဘောထားများ၊ မိမိကြမ္မာမိမိဖန်တီးခွင့် စသည့်များအတွက် မိမိတို့လက်ဝယ် ပိုင်ဆိုင်ထားသော နိုင်ငံရေး အာဏာများကို မိမိတို့ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်အဆင့်ဆင့်သို့ တင်ပြရာတွင် ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အခက်အခဲမရှိ၊ ပိတ်ပင်ကန့်သတ်ချက်မရှိ၊ မျှတစွာ နည်းလမ်းတကျ တင်ပြခွင့် ရရှိရေးသည် လွန်စွာအရေးကြီးပါသည်။

ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် ညီညွတ်သော၊ ဒီမိုကရေစီထွန်းကားသော နိုင်ငံအဖြစ်ရောက်ရှိရေးမှာ တစ်ဦးတစ်ယောက် ကောင်း၊ တစ်သင်းတစ်ဖွဲ့ကောင်း နိုင်ငံရေးစွမ်းအားဖြင့် လုပ်နိုင်ကောင်းသည့်အရာမဟုတ်ပါ။ တိုင်းပြည်၏ ကံကြမ္မာကို အချုပ်အခြာ အာဏာသုံးရပ်၏ပင်မဖြစ်သည့် ပြည်သူလူထုကသာလျှင် အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဒီမိုကရေစီစနစ်သည် ပြည်သူလူထု၏ဆန္ဒနှင့်အညီ အုပ်ချုပ်သည့်စနစ်ဖြစ်သည့် အားလျော်စွာ ပြည်သူလူထု၏ ဆန္ဒထင်ဟပ်ဖော်ပြခွင့်ကို နည်းလမ်းတကျ အားမခံခွင့်ပြုပေးရန် လိုအပ်ပါသည်။

ကျွနု်ပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် လွှတ်တော်အဆင့်ဆင့်ကို မြန်မာ့ဒီမိုကရေစီရေး၏ မီးရှူးတန်ဆောင်များအဖြစ် ရှူမြင်ပါသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်စွာ ပြည်သူ့အသံ၊ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ တစ်ဆင့် ဖော်ထုတ်တင်ပြကြရာတွင် ဒီမိုကရေစီ လွှတ်တော်များအဖြစ် အသွင်သဏ္ဍာန်နှင့် အနှစ်သာရရှိရှိ ရှေ့ဆောင်လမ်းပြပေးနိုင်ကြပါရန် ဤအပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် ကျွနု်ပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ ကောင်းမြတ်သောနိုင်ငံရေးဆန္ဒဖြင့် သဝဏ်လွှာပေးပို့ တိုက်တွန်းအပ်ပါသည်။