Skip to main content

နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌနှင့် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌတို့သည် IDEAအဖွဲ့မှ အထွေထွေအတွင်း ရေးမှူးချုပ် Mr.Yves Leterme ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ကိုယ်စား) ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် (၇း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ အဆောင်အမှတ် (၁) ဧည့်ခန်းမဆောင်တွင် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူ အညီပေးရေးနိုင်ငံတကာ အဖွဲ့ အ စည်း International Institute for Democracy and Electoral Assistance (IDEA) အဖွဲ့မှ အထွေထွေ အတွင်းရေးမှူးချုပ် Mr.Yves Leterme ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် (IDEA) အဖွဲ့မှ ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ပညာပေး လုပ်ငန်းများ တွင် အကူအညီပေးနေမှု၊ စာအုပ်စာတန်းများဖြန့်ဝေနေမှု ကိစ္စရပ်များကို လည်းကောင်း၊ အခြား လွှတ်တော် ဆိုင်ရာ အရည်အသွေးမြှင့်တင်မှု လုပ်ငန်းများကို လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံး သပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၄ခုနှစ် ဇန်နဝါရီလ   ၂၂ ရက်