Skip to main content

တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ှ Inter Mediate အဖွဲ့၏ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံ တွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်သည် ဗြိတိန် နိုင်ငံမှ Inter Mediate အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Mr. Jonathan Powell ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ( ၁၀: ၃၀ ) နာရီအချိန်တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အဦ ပြည်သူ့လွှတ်တော် ကော်မတီဆောင် (I-6)၌ လက်ခံ တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များနှင့် လွှတ်တော်မှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခန်းကဏ္ဍ များကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှု ဘဝမြှင့်တင် ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီမှ အဖွဲ့ဝင်ဖြစ်သည့် ဦးခင်မောင်ဌေး၊  တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ကြပါသည်။

၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၃ ရက်