Skip to main content

ပြည်သူ့လွှတ်တော်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ Friedrich Ebert Stiftung (FES) မှCountry Director Mr. Konstantin Barwaldt အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေသည် ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၃ ရက် နံနက် (၉း၃၀) အချိန်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရေးရာဆောင် အမှတ်(၄)၌ Friedrich Ebert Stiftung (FES) မှ Country Director Mr. Konstantin Barwaldt အား လက်ခံ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအတွင်းရေးမှူး ဦးမြင့်သူ၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာတင်မောင်ကြိုင်၊ ဦးဇုန်းတိန့် ၊ ဦးကျော်မြင့်၊ ဒေါ်ဇာတလဲမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၄ ရက်