Skip to main content

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ် UNFPA (The United Nation Fund For Population Agency) မှ Ms. Janet E. Jackson (UNFPA Represntative ) နှင့် Ms. Elaine Chan (Human Rights Officer, OHCHR ) တို့အား လက်တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် UNFPA (The United Nation Fund For Population Agency) မှ Ms. Janet E. Jackson (UNFPA Represntative ) နှင့် Ms. Elaine Chan (Human Rights Officer, OHCHR ) တို့အား ယနေ့ညနေပိုင်း (၁၆း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) ဥပဒေကြမ်းကော်မတီ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း၊ အဖွဲ့ဝင် များဖြစ်ကြသော ဒေါ်နန်းဝါနု၊ ဦးဘရှိန်၊ ဦးသောင်း၊ ဦးခင်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးခင်မောင်ညို၊ ဦးခင်မောင်ရွှေ၊ ဦးစိုးရယ်၊ ဦးစိုးစိုး၊ ဦးသိန်းထွန်းဦး၊ ဒေါက်တာစိုးမိုးအောင်နှင့် ဦးအောင်မြ သန်းတို့က (က)မြန်မာဗုဒ္ဓဘာသာ ဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ (ခ)တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း၊(ဂ)ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ (ဃ) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။

၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်