Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဝိဇ္ဇောတာရုံစာသင်တိုက် ဆရာတော်ကြီးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဖူးမျှော်ကြည်ညို

နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ၊ ရွှေကျင်သာသနာပိုင်ဆရာတော် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဝိဇ္ဇောတာရုံစာသင်တိုက်၊ ပဓာန နာယက ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိဇ္ဇောတ သည် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသို့ ယနေ့ မွန်းလွဲ ၃ နာရီခွဲချိန်တွင် ကြွရောက်တော်မူလာရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ဧည့်ကြိုဆောင်မှ ခရီးဦးကြိုဆိုကာ လွှတ်တော်အတွင်း လိုက်လံ ရှင်းလင်းပြသသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးအား ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမသို့ ပင့်ဖိတ်၍ ဖူး‌မျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးမှ ဓမ္မသြဝါဒစကားများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်- ဖေဖော်ဝါရီလ ၂၈ ရက်