Skip to main content

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ICRC မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Mr. Boris Michel အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည်  ICRC မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Mr. Boris Michel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မေလ ၆ ရက် နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ICRC အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပေါ် ကြက်ခြေနီအသင်း လုပ်ငန်းများအား ပိုမိုအရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လူမှုကယ်ဆယ် စောင့်ရှောက်ရေး လုပ်ငန်းများတွင် နည်းပညာအကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

<--break->

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် မေလ ၆ ရက်

ဓါတ်ပုံ