Skip to main content

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း အာရှဒေသ ပတ်ဝန်းကျင် ကောင်းမွန်ရေး၊ နည်းပညာ ပြန့်ပွားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Akio KawaKami ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် အာရှဒေသ ပတ်ဝန်းကျင် ကောင်းမွန်ရေး၊ နည်းပညာ ပြန့်ပွားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Akio KawaKami ဦးဆောင်သည့် အဖွဲ့အား မွန်းလွဲ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အောင်ဆန်း သက်မွေးဝမ်းကျောင်းသင်တန်း အကောင်အထည်ဖော်ရေး အတွက် ဂျပန် ODA သုံးစွဲရေးကိစ္စ၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအတွက် Private Car Inspection Centre များအား ဂျပန် ODA ဖြင့် အကောင်အထည်ဖော်ရေးကိစ္စနှင့် မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင် သင်တန်းသားများ ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ပြီး နည်းပညာ အသစ်အဆန်းများ လေ့လာဆည်းပူးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်