Skip to main content

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် အာရှဒေသ ပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် နည်းပညာပြန့်ပွားမှုအဖွဲ့ အမှုဆောင် ဒါရိုက်တာ Mr. Akio Kawakami နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် အာရှဒေသ ပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် နည်းပညာပြန့်ပွားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ Mr. Akio Kawakami နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ သက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်သွားနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်