Skip to main content

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အဖွဲ့ဝင်များ ဂျပန်နိုင်ငံအခြေစိုက် NPO Asia Environmental Technology Promotion Institute, NPO-AET (အာရှဒေသပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် နည်းပညာ ပြန့်ပွားမှုအဖွဲ့) အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံအခြေစိုက် NPO Asia Environmental Technology Promotion Institute, NPO-AET (အာရှဒေသပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် နည်းပညာပြန့်ပွားမှုအဖွဲ့) အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နည်းပညာ အလုပ်သင် သင်တန်းသားများ အရည်အချင်း ပိုမိုတိုးတက်လာ စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၌ နည်းပညာအလုပ်သင် သင်တန်းကျောင်းများ ထပ်တိုးဖွင့်လှစ်နိုင် ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၉ ရက်