Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း ရန်ကုန် တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၄) မှ ကျောင်သား/သူ (၃၀) ဦးပါဝင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ရန်ကုန် တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၄) မှ ကျောင်သား၊ ကျောင်းသူ (၃၀) ဦးပါဝင်သည့်အဖွဲ့အား ယနေ့ မွန်းလွဲ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာဆက်ဆံရေးပညာနှင့် နိုင်ငံရေးသိပ္ပံပညာတို့၏ အရေးကြီး သောအချက်အလက်များ၊ နိုင်ငံတကာကျောင်းသားများအနေဖြင့် လေ့လာဆည်းပူးရာတွင် လိုအပ် သောပံ့ပိုးမှုများ ရရှိနိုင်မည့်အရင်းအမြစ်များ၊ အိမ်နီးချင်းနိုင်ငံများနှင့် မျက်မှောက်ဆက်ဆံရေးများ၊ နိုင်ငံတကာဆက်ဆံရေးပညာရပ်ကို နိုင်ငံအနှံ့ပျံ့နှံ့အောင် ကြိုးပမ်းအားထုတ်ရန်၊ ပြည်သူပူးပေါင်း ဆောင်ရွက်ရေး၊ မျက်မှောက်ရင်ဆိုင်နေရသော နိုင်ငံရေးကိစ္စများတွင် နိုင်ငံတကာဆက်ဆံရေး  ပညာရှင်များက မည်သို့ပိုမိုဆောင်ရွက်သင့်သည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့  နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဦးမျိုးဇော်အောင်၊ ဦးဖြိုးဇေယျာသော်နှင့် လွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်