Skip to main content

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း Green Peasant Institute (GPI) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် Green   Peasant   Institute   (GPI) အဖွဲ့အား ယနေ့  မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ မြေသိမ်းဥပဒေ တို့နှင့်ပတ်သက်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ တောင်သူလယ်သမား နှင့်အလုပ်သမားရေးရာကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်မင်းလွင်နှင့် ဦးစိုင်းဘသိန်းတို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၄ ရက်