Skip to main content

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E.Mr.Scot Marciel ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

          ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E.Mr.Scot Marciel ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်  (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံစဉ် မြန်မာ့ကျောက်မျက်ရတနာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်နိုင်ရန် အမေရိကန် အစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်နေသည့် အခြေအနေများကို လွှတ်တော် ကော်မတီများသို့ လာရောက်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ၊ ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်