အသိပေးကြေငြာချက်

ပြည်ထောင်စုလွှတ်တော်၏ ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် လွှတ်တော်ဝင်း သဘင်ဆောင်ခန်းမ၌ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ်ဆောင်ရွက်ချက်မှတ်တမ်းများ ပြသခြင်း၊ ပြည်ထောင်စု လွှတ်တော်နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အမှတ်တရမိန့်ခွန်း ပြောကြားခြင်း၊ နိုင်ငံရေးပါတီများနှင့် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့တို့က  ဗိုလ်ချုပ်အမှတ်တရ စာတမ်းများ၊ ဗိုလ်ချုပ်အမှတ်တရ ဂုဏ်ပြုတေးများဖြင့် ဖျော်ဖြေခြင်းများ ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ အခမ်းအနားကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ လွှတ်တော် Channel များမှ တိုက်ရိုက်ထုတ်လွှင့် သွားမည်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

Standard (Image)