Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း စင်ကာပူနိုင်ငံမှ MBA ကျောင်းသား၊ ကျောင်းသူ များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ကြသည့် စင်ကာပူနိုင်ငံ National University of Singapore မှ Master of Business Administration (MBA) ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံမှ MBA ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော လေ့လာရေးအဖွဲ့ဝင် (၁၄) ဦး တက်ရောက်ကြသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်