Skip to main content

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဂျပန်နိုင်ငံဆူဇူကာမြို့ရှိ IATSS Secretariat ရုံးမှ Mr. Seiji KURAFUJI ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ဂျပန်နိုင်ငံ၊ ဆူဇူကာမြို့ရှိ IATSS (Internaional Association of Traffic and Saffely Sciences) Secratariat ရုံးမှ General Manager Mr.Seiji KURAFUJI ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ အား၂၀၁၅ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံ ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ နှင့်အတူ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်တင်၊ ဒေါ်အေးအေးမူ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ Alumni Association of IATSS forum Myanmar မှ ဥက္ကဋ္ဌဦးကျော်ဒေဝ လည်းတက်ရောက်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် IATSS Forum သို့ လွှတ်တော်ရုံးများမှ အရာထမ်းများ တက်ရောက်နိုင်ရေး ကိစ္စရပ်များနှင့် IATSS Forum အနေဖြင့်လက် ရှိမြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြပါသည်။

၂၀၁၅ ခုနှစ် သြဂုတ်လ ၄ ရက်