Skip to main content

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစော Plan International Myanmar နှင့် NGO Child Rights Working Group (NCRWG) အဖွဲ့တို့ အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောသည် Plan International Myanmar နှင့် NGO Child Rights Working Group (NCRWG) အဖွဲ့တို့အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

ထိုသို့တွေ့ဆုံရာတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာများ၊ အကြမ်းဖက်မှုအမျိုးမျိုးမှ အကာအကွယ်ပေးရေးကိစ္စရပ်များနှင့် ကလေးသူငယ်များ၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာ စေရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်