Skip to main content

ပြည်သူ့လွှတ်တော်၊  လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် မြန်မာနိုင်ငံ လျှပ်စစ်နှင့် အီလက်ထရောနစ် လုပ်ငန်းရှင်များအသင်းအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် မြန်မာနိုင်ငံ လျှပ်စစ်နှင့်အီလက်ထရောနစ် လုပ်ငန်းရှင်များအသင်းအား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

ထိုသို့တွေ့ဆုံစဉ် လျှပ်စစ်နှင့်အီလက်ထရောနစ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆိုပါ လုပ်ငန်းရှင်များအသင်း၏ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ကော်မတီ အတွင်းရေးမှူး ဦးစိုးမြင့်(ခ)ဦးအောင်ဇော်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်