Skip to main content

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် Daw San Myint Family Trading Co.,Ltd နှင့် HCSP Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် Daw San Myint Family Trading Co.,Ltd နှင့် HCSP Co.,Ltd အဖွဲ့အား ယနေ့ ညနေ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  Daw San Myint Family Trading Co.,Ltd နှင့် HCSP Co.,Ltd မှ အစိုဓာတ် စိုထိုင်းဆ စုပ်ယူမှုနင့် ပတ်သက်၍ Export ထုတ်ကုန်များဖြစ်သော ဆေးဝါးများ၊ စားသောက်ကုန်များ၊ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဂီတတူရိယာနှင့် ပြခန်းသုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် စစ်လက်နက်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများ၏ နည်းပညာရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည့် အကြောင်းအရာဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်