Skip to main content

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥရောပသမဂ္ဂ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံ အမတ်ကြီး H.E. Mr. Kristian SCHMIDT အား ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်အရေးကိစ္စများတွင် မှန်ကန်စွာ ပူးပေါင်း ကူညီဆောင်ရွက်ပေးရေး၊ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး နှင့် မြန်မာနိုင်ငံအပေါ် နားလည်မှုရှိရှိဖြင့် မှန်ကန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်