Skip to main content

***********************

ဒေါ်စုနှင့်ပါတီမှလျှို့ဝှက်ချက်များ Facebook Page တွင် ပြည်သူ့လွှတ်တော်ရုံး၏ ဧည့်ခံကျွေးမွေးစရိတ်များအား တစ်ရက်လျှင် ကျပ်သိန်း (၇၀) ကျော်ဖိုး သုံးစွဲနေသည့်သဘော ပြည်သူများ အထင်အမြင် လွဲမှားစေရန် ရေးသားဖော်ပြထားပါသည်။ ပြည်သူ့လွှတ်တော်ရုံး၏ ဧည့်ခံကျွေးမွေးစရိတ်ခေါင်းစဉ်အောက်တွင်-

    လွှတ်တော်ကိုယ်စားလှယ်များ၏ အစည်းအဝေးကာလ စားစရိတ်များ၊
    အစည်းအဝေးရပ်နားထားစဉ်ကာလ ကော်မတီဝင်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်ရေးရာကိစ္စရပ်များဆောင်ရွက်ရပါက စားစရိတ်များ၊
    ကော်မရှင်အဖွဲ့ဝင်များ၏ စားစရိတ်များ၊
    ကော်မတီအစည်းအဝေးကျွေးမွေးစရိတ်များ၊
    ပြည်ပမှလာရောက်ကြသည့် ဧည့်သည်များ၏ ဧည့်ခံကျွေးမွေးစရိတ်များ စသည်တို့ ပါဝင်ပါသည်။

သို့ပါ၍ ယင်း Facebook Page တွင် ရေးသားဖော်ပြထားခြင်းများသည် နိုင်ငံရေးအရ ဝေဖန်ထိုးနှက်ခြင်းသာဖြစ်ပါသည်။

ပြည်သူ့လွှတ်တော်အနေဖြင့် (၆) လစာ ဘတ်ဂျက်ကို ဌာနတွင်း စိစစ်ရေးအဖွဲ့ဖြင့် ပဏာမ စစ်ဆေးပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ တင်ရပါသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးစီးစိစစ်အတည်ပြုချက်ရရှိ၍ ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြ အတည်ပြုပြီးမှ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပါသည်။

လွှတ်တော်ရောက်ရှိပြီး စိစစ်ရေးအဖွဲ့ (၁၇) ဖွဲ့မှ စိစစ်လျက်ရှိပါသည်။ ပြည်သူ့ လွှတ်တော်ရုံးဘတ်ဂျက်ကို အဖွဲ့အမှတ် (၁၆) မှ ရေးရာဆောင် I-4 တွင် စိစစ်လျက်ရှိပါသည်။

Facebook တင်သူနှင့် မရှင်းလင်းသူများ၊ စိတ်ဝင်စားသူ ပြည်သူများမှ အဖွဲ့အမှတ် (၁၆)၊ ရေးရာဆောင် I-4 တွင် လာရောက်ဆွေးနွေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်