Skip to main content

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Triumph Myanmar Co.,Ltd မှ ဥက္ကဋ္ဌ ဦးသိန်းဦးဖိုးစော ဦးဆောင်သည့် Elior – Tech Corp, SAMSUNG Electric နှင့် ST Electronic မှ IT ပညာရှင်များ အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Triumph Myanmar Co.,Ltd မှ ဥက္ကဋ္ဌ ဦးသိန်းဦးဖိုးစော ဦးဆောင်သည့် Elior – Tech Corp, SAMSUNG Electric နှင့် ST Electronic မှ IT ကျွမ်းကျင် ပညာရှင်များအား ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ        ရေးရာဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ Cyber လုံခြုံရေး၏ အရေးပါပုံ နှင့် နေပြည်တော်အခြေပြု Smart City Development စသည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂  ရက်

ရက်စွဲ
22.1.2018