Skip to main content

ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

ဇေယျာသီရိမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက် အကောင်းဆုံးကျောင်းများအား မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းမှ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၆ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ၊ အောင်မြေဘုံရတနာစိမ်းစားပင် ကျောင်း၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး မန်းအောင်ငြိမ်း ဖောင်ဒေး ရှင်းနာယက ဒေါ်ခင်လေးသက်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့်ဇနီး၊ ဇေယျာသီရိမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ ဇေယျာသီရိ မြို့နယ်ပညာရေးမှူးနှင့်    ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/သူများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

၂၀၁၆ခုနှစ်၊ ဇွန်လ ၂၅ ရက်