Skip to main content

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဗြိတိန်သံအမတ်ကြီး Mr. Andrew Patrick ခေါင်းဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌဒေါ်ခင်စန်းလှိုင်နှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်အေး တို့သည် ဗြိတိန်သံအမတ်ကြီး Mr. Andrew Patrick ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင်  နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် (I-7) အပေါ်ထပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ အစိုးရဘဏ်များ ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာပိုင်း ဆိုင်ရာ အကူအညီပေးရေးနှင့် တောင်သူလယ်သမားများ၏ ကောက်ပဲသီးနှံများ ဆုံးရှုံးမှုလျော့ နည်းစေရန် အတွက် Weather Insurance ကဲ့သို့သော အာမခံလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များနှင့် အခြား ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၁၅ ရက်