Skip to main content

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌနှင့် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ၊ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် အခြေစိုက်သည့် Democracy Reporting Inter -national (DRI) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်နှင့် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းတို့သည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် အခြေစိုက်သည့် Democracy Reporting International (DRI) အဖွဲ့အား ယနေ့နံနက် ၁၀ နာရ်ီတွင် လွှတ်တော် ရေးရာဆောင် အမှတ် (I-2) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံပြီး ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်ပြီးရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့  ကော်မတီဥက္ကဋ္ဌများနှင့်အတူ နိုင်ငံတကာဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးကျော်စိုးလင်း၊ ဦးဉာဏ်လင်းနှင့် ဦးဇော်ဝင်းတို့ တက်ရောက်ခဲ့သည်။

၂၀၁၆ ခုနှစ် ဇွန်လ ၁၃ ရက်