Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သတင်းမီဒီယာသမားများအား တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာနှင့် သတင်းထောက်များအား ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် မီဒီယာခန်း၌ တွေ့ဆုံသည်။

ထို့သို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ၊ ဂျာနယ် (၃၃) ခုတို့မှ အယ်ဒီတာနှင့် သတင်းထောက်စုစုပေါင်း (၄၂) ဦးတို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်