Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် စင်္ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် စင်္ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E.Mr. Kirk Wagar  ဦးဆောင်သော စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများ အသင်း၏ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊  ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်အေး၊ ဦးစိုးသူရထွန်း၊ ဦးသက်လွင်(ခ) ဦးပေါခင်၊ ဦးနေဖူးဗဆွေ၊ ဒေါ်ခင်နှင်းသစ်၊ ဒေါက်တာဒေါ်သက်သက်ခိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၉ ရက်