Skip to main content

ပြည်သူ့လွှတ်တော်ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း ကမ္ဘာ့ကျန်းမာရေးမူဝါဒစင်တာအဖွဲ့(CSIS)မှ Dr.Steve Marrison ခေါင်းဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းသည် ကမ္ဘာ့ကျန်းမာရေး မူဝါဒစင်တာအဖွဲ့(CSIS)မှ Dr.Steve Marrison (ဒါရိုက်တာနှင့်ဒုတိယဥက္ကဋ္ဌ) ခေါင်းဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ (၁း၀၀) နာရီအချိန်တွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် အဖြစ်များလျက်ရှိသော ကူးစက်ရောဂါများ ကာကွယ် တိုက်ဖျက်ရေးနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဒေါက်တာအောင်ခင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက်