Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် Facebook ၏ အာရှပစိဖိတ်ဒေသ ဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး Ms.Mia Garlick အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Facebook ၏ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် မူဝါဒဆိုင်ရာညွှန်ကြားရေးမှူး ဖြစ်သူ Ms .Mia Garlick အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်၌ အသုံးပြုဆောင်ရွက်လျက်ရှိသည့် Facebook လူမှုကွန်ယက် အွန်လိုင်းနည်းပညာများအား လုံခြုံမှုပေးနိုင်ရေး၊ လွှတ်တော်သတင်းအချက် အလက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အကူ အညီပေးနိုင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့  ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

၂၀၁၆ခုနှစ် ဇွန် ၁ ရက်