Skip to main content

ပြည်သူ့လွှတ်တော်ရုံး စာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း

ပြည်သူ့လွှတ်တော်ရုံး စာကြည့်တိုက်သို့ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် စာကြည့်တိုက်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဖွင့်အမှာ စကားပြောကြားပြီး အလှူရှင် ဗိုလ်မှူးကြီးခင်မောင်ထွန်း(ငြိမ်း) က စာအုပ်လှူဒါန်းရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အလှူရှင် ဗိုလ်မှူးကြီးခင်မောင်ထွန်း (အငြိမ်းစား)က ခင်မောင်နှင်း (ကျောက်ပန်းတောင်း) ကလောင်အမည်ဖြင့် ၎င်းကိုယ်တိုင်ရေးသားခဲ့သော ဘာသာရေးဆိုင်ရာ စာအုပ် (၄၃၀) အုပ်ကို ပေးအပ်လှူဒါန်းရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။  

၂၀၁၆ ခုနှစ် ဧပြီလ ၂၆ ရက်