Skip to main content

ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကအမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့သည် အရှေ့တီမောနိုင်ငံ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဟောင်းအား လက်ခံတွေ့ဆုံ

 ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးအေးသာအောင်နှင့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် အရှေ့တီမောနိုင်ငံ လွှတ်တော်ဒုတိယဥက္ကဋ္ဌဟောင်း Mr. Aderito Hugo de Costa အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် I-1 ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်နှင့် ပြည်သူ့လွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးတိုးတက်ခိုင်မာရေးနှင့် လွှတ်တော်များအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအပြင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများစပ်လျဉ်း၍ သုံးသပ်အကြံပြုချက်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်