Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ၏ အပြည်ပြည်ဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စရောင် ဟွေဟွာအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ် ပါတီ၏ အပြည်ပြည်ဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စရောင်ဟွေဟွာ ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး၊ လွှတ်တော်အချင်းချင်း ချစ်ကြည်ရေး၊  စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အပြန်အလှန်နားလည်မှုရှိစွာဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်အတူ ပြည်သူ့လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်