Skip to main content

ပြည်သူ့လွှတ်တော်၊နိုင်ငံတကာဆက် ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်မှ H.E. Mr. Kim Seang Tae (Chairman of Public Service and Strategy Committee) {Member of the National Assembly Republic of Korea} အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် H.E. Mr. Kim Seang Tae (Chairman of Public Service and Strategy Committee) {Member of the National Assembly Republic of Korea} ဦးဆောင်သည့် အဖွဲ့အား ယနေ့ မွန်းလွဲ   ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံလွှတ်တော်များ ပိုမိုရင်းနှီးချစ်ကြည်ရေးအတွက် ဆောင်ရွက်ရန်ကိစ္စများ၊ ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံနိုင်ရန် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ၊ နိုင်ငံတကာအတွေ့အကြုံများ၊ ရေတိုရေရှည်မျှော်မှန်းချက်များ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်ရန်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွေ့အကြုံ ဖလှယ်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်