Skip to main content
u tun wai

အမည်

ဦးထွန်းဝေ

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ဖပန(နိုင်)၀၃၉၄၀၇

မွေးသက္ကရာဇ်/အသက်

၂- ၆- ၁၉၅၇/(၅၈)နှစ်

မွေးဖွားရာဇာတိ

မင်းယားရွာ၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်ခရိုင်၊စစ်ကိုင်းတိုင်းဒေသကြီး

ပညာအရည်အချင်း

B.A(Burmese)

လက်ရှိအလုပ်အကိုင်

ကျူရှင်ဆရာ၊ ဥယျာဉ်ခြံလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလူမော်၊ ၅/ဖပန(နိုင်)၀၀၅၉၄၈၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်း၊ ၅/ဖပန(နိုင်)၀၀၅၉၄၉၊ (ကွယ်လွန်)

 

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လှမြိုင်၊ ၅/ဖပန(နိုင်)၀၀၅၉၈၈ ၊ပညာရေး(ငြိမ်း)

 

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

 (၁) မောင်ဇာနည်ထွန်း၊ ၅/ဖပန(နိုင်)၀၃၉၆၉၀၊ ကျူရှင်ဆရာ၊ ညောင်ပင်သာရပ်ကွက်၊ ကလေးမြို့

(၂ ) မခင်စန္ဒာထွန်း၊ ၅/ဖပန(နိုင်)၀၃၉၇၁၂၊ သားဖွားဆရာမ၊ ကျိုင်းတုံမြို့

(၃)        မမေဇင်ငြိမ်း၊ ၅/ဖပန(နိုင်)၀၅၂၅၅၉ အ-လ-ပြ၊ မူလွန်-ကုန်းကြီးကျေးရွာ၊ ဖောင်းပြင်မြို့နယ်

(၄) မအေးအေးခိုင်၊ ၅/ဖပန(နိုင်)၀၆၂၈၂၉၊ မူလတန်းပြ၊ အ-လ-က(ခွဲ) နောင်မနား ကျေးရွာ၊ ဖောင်းပြင်မြို့နယ်

(၅) မချိုချိုထွန်း၊ ၅/ဖပန(နိုင်)၀၈၃၃၄၄၊ ကျောင်းသူ၊ တတိယနှစ်၊ စီးပွားရေးတက္ကသိုလ်၊ မုံရွာမြို့

 

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄၀၆)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း(၂)၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဖောင်းပြင်မြို့

 

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှူး မြို့နယ်အလုပ်အမှုဆောင်အဖွဲ့

 

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဖောင်းပြင်မြို့နယ်

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ၁၉၆၃ မှ ၁၉၇၁ ထိ သူငယ်တန်းမှ အဋ္ဌမတန်းထိ မင်းယားရွာ အ-လ-က၊ ၁၉၇၂ မှ ၁၉၇၄ ထိ နဝမတန်းမှ ဒသမတန်းထိ ဖောင်းပြင် အ-ထ-က တွင် ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၄ မှ ၁၉၈၆ ထိ မုံရွာကောလိပ်၊ ၁၉၈၆  မှ ၁၉၈၈ ထိ မန္တလေး တက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ကြားခဲ့ပါသည်။

၁၉၇၄ မှ ၁၉၇၇ ထိ ကုန်သွယ်ရေးကော်ပိုရေးရှင်း အမှတ်(၁)တွင် ပ/ ငွေကိုင်စာရေး(ယာယီဝန်ထမ်း)၊ ၁၉၇၈ မှ ၁၉၈၀ ထိ မြို့နယ် သ/မ အသင်း၊ ဒု-စာရေး၊ ၁၉၈၀ မှ ၁၉၈၈ ထိ မူ/ပြ အ-မ-က ကောင်းမောင်းရွာ၊ အ-လ-က သရောင်းရွာ၊ အ-လ-က မင်းယားရွာ၊ ၁၉၈၉ မှ ၁၉၉၉ ထိ တွဲဖက်/အထက်တန်းပြ၊ သရောင်းရွာ အ-ထ-က (ခွဲ)၊ ၂၀၀၀ မှ ၂၀၀၄ ထိ တွဲဖက်/ အထက်တန်းပြ၊ ရေအောက်တောင်းရွာ အ-ထ-က(ခွဲ)၊ ၂၀၀၄ မှ ၂၀၁၅ ထိ ကိုယ်ပိုင်နည်းပြ သင်တန်းဆရာ၊ ဖောင်းပြင်မြို့တို့တွင် လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၇ မှ ၁၉၉၁ ထိ မင်းယားရွာ ဒေသအရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး၊ မင်းယား စာကြည့်တိုက် “မင်းယား”စာကြည့်အသင်း ဥက္ကဋ္ဌ ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အောင်နိုင်ရေးအဖွဲ့၊ ၂၀၁၂ မှ ယနေ့အထိ ဖောင်းပြင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အတွင်းရေးမှူး၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့အဖြစ် လုပ်ကိုင်ဆောင်ရွက် ခဲ့ပါသည်။