Skip to main content

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း Forum of Federations မှ ဌာနေကိုယ်စားလှယ် ဉီးထက်မင်းလွင်အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း သည် Forum of Federations မှ ဌာနေကိုယ်စားလှယ် ဦးထက်မင်းလွင် အား ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဖက်ဒရယ်ပညာရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဖက်ဒရယ် ကျန်းမာရေး စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၄ ရက်