Skip to main content

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်း မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်အသင်း ဥက္ကဋ္ဌ ဦးမောင်မောင် ဦးဆောင်သောအဖွဲ့ အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်း သည် မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်အသင်း ဥက္ကဋ္ဌ ဦးမောင်မောင် ဦးဆောင်သောအဖွဲ့ အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်အသင်း၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ အခြားသောဆေးပညာဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်း စဉ်များ၊ လူမှုရေးဆောင်ရွက်ချက်များအားတင်ပြပြီး မြန်မာနိုင်ငံဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ ကျွမ်းကျင် ကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်