Skip to main content

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်တို့ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းမှ စီမံကိန်းမန်နေဂျာ ဦးမျိုးအောင်ထွေး ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်တို့သည်   ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ စီမံကိန်း မန်နေဂျာ ဦးမျိုးအောင်ထွေး ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေကြမ်းနှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်နှင့် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်