Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် International IDEA- Myanmar ၏ Head of Mission, Mr. Mark McDowell ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် International IDEA- Myanmar ၏ Head of Mission, Mr. Mark McDowell ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် International IDEA- Myanmar ၏ Head of Mission, Mr. Mark McDowell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် International IDEA အနေဖြင့် မြန်မာလွှတ်တော်များ ပိုမိုတိုးတက် မြင့်မားရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ အသိပညာပေးရေး အလုပ်ရုံဆွေးနွေးပွဲ များ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ၊ JCC နှင့် IDEA တို့အကြား နားလည်မှုစာချွန်လွှာ (MoU)   ရေးထိုးဆောင်ရွက်သွားနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၁ ခုနှစ်တွင် အသစ်ရောက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်လုပ်ငန်းစဉ်များ အသိပညာပေးရေး လုပ်ငန်းများတွင် ထိရောက်သောပံ့ပိုးကူညီပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်မင်း၊ အတွင်းရေးမှူး ဦးခင်မောင်သန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၇ ရက်